တနင်္သာရီမြို့ပေါ် Stay at Home နေအိမ်များနှင့် Lock Down နေအိမ်များအား ကြက်ဥနှင့် ရေသန့်ဗူးများလှူဒါန်း
Aug 22,2021
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့ပေါ် ချောင်းငယ်ရပ်ကွက် အာယုလမ်းအတွင်း ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာများပြားနေမှုကြောင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက Stay at Home အဖြစ် အသွားအလာကန့်သတ်ထားသော နေအိမ်များ၊ ချောင်းကြီးရပ်ကွက်အတွင်း Lock Down ချ၍ အသွားအလာကန့်သတ်ထားသော နေအိမ်များနှင့် အထက-တနင်္သာရီ Positive Centre အတွင်းရှိ ကိုဗစ်-၁၉ လူနာများအတွက် စားသောက်ရေး အဆင်ပြေစေရန်ရည်ရွယ်၍ တနင်္သာရီမြို့မရဲစခန်းက နယ်ထိန်းတာဝန်ခံ ဒုရဲအုပ်သော်တာမျိုးနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များက ယမန်နေ့ ညနေ ၃နာရီ အချိန်က ကြက်ဥနှင့် သောက်ရေသန့်ဗူးများကို ကိုယ်တိုင်လိုက်လံ လှူဒါန်းပေးကြောင်း သိရှိရသည်။