သတင်းများ

မြန်မာနိုင်ငံတရုတ်ကုန်သည်ကြီးများအသင်းကမှာ ယူတင်သွင်းလာသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ဆက်စပ်ပစ္စည်းများ ရောက်ရှိ
Aug 22,2021
မြန်မာနိုင်ငံတရုတ်ကုန်သည်ကြီးများ အသင်းချုပ်က မှာယူတင်သွင်းလာသော Sinophram ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ ၇ သိန်းနှင့်ဆက်စပ်ပစ္စည်းများ တင်ဆောင်လာသည့် စင်းလုံးငှား လေယာဉ်သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။
တံတားဦးမြို့နယ် မြို့ပေါ်ရုံးတွင် တာဝန်ထမ်းဆောင်နေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများပေးအပ်လှူဒါန်း
Aug 22,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် မြို့ပေါ်ရုံးတွင် တာဝန်ထမ်းဆောင်နေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ပေးအပ် လှူဒါန်းပွဲကို ယနေ့ နံနက်(၉)နာရီ က မြို့နယ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည် ။
ရခိုင်ပြည်နယ် မောင်တောမြို့ ပြည်သူ့ဆေးရုံမှ  ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာများအနက် ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း (၄၅၀) ဦးရှိပြီဖြစ်
Aug 22,2021
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့်အတည်ပြုလူနာများအား မြို့နယ် ပြည်သူ့ဆေးရုံနှင့် ယာယီသီးသန့်ကုသဆောင်တို့တွင် သီးသန့်ထားရှိ၍ ကြပ်မတ်ကုသပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက  ကိုဗစ်-၁၉ ပိုးတွေ့ရှိသူများအနက်မှ ​၄ ဦးအား ထပ်မံ၍ ဆေးရုံမှ ဆင်းခွင့် ပြုလိုက်ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် ချောင်းဆုံကျေးရွာနှင့် သာစည်လေးကျေးရွာများတွင် မသန်စွမ်းသူများအား တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်း လက်ဝယ်အရောက် ထောက်ပံ့ငွေများပေးအပ်
Aug 22,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးကာလ ပထမအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခဲ့စဉ် ကျန်ရှိနေသော ထပ်တိုးမသန်စွမ်းသူများအား လူမှုဝန်ထမ်းဦးစီးဌာနမှ တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ပေးအပ်လျက်ရှိရာ ယနေ့နံနက် ၉နာရီခွဲက ချောင်းဆုံကျေးရွာအုပ်စု၊ ချောင်းဆုံကျေးရွာနှင့် ရွှေဒါးကျေးရွာအုပ်စု၊ သာစည်လေး ကျေးရွာများမှ မသန်စွမ်းသူများအား လက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် စစ်ကိုင်းခရိုင်အတွင်းရှိ စိုက်ပျိုးရေး/ မွေးမြူရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 22,2021
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နေ့လည်ပိုင်းက မြင်းမူမြို့နယ် ပျော့ရွာကျေးရွာရှိ ဧက(၃၆၀၀)ဧက အကျိုးပြု မြစ်ရေတင် စီမံကိန်းသို့ ရောက်ရှိ ရာ တာဝန်ရှိသူများက ရေပေးဝေနေမှု၊ စပါးစိုက်ပျိုးထားရှိမှုနှင့် အထွက်နှုန်း ကောင်း စေရန် စိုက်ပျိုးထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ရေပေးဝေနေမှုနှင့် စပါးစိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေး ခဲ့သည်။
လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Aug 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လှိုင် မြို့နယ်၊ YUFCလေးကျင့်ရေးကွင်းတွင် ယနေ့နံနက်(၉)နာရီမှစတင်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဟန်းသံဃာတော်များ၊ စျေးများရှိပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။ ယနေ့ကာကွယ်ဆေးထိုးနှံပြီးလူဦးရေ(၉၅၈) ဦးရှိကြောင်း သိရှိရသည်။
အရာတော်မြို့နယ်တွင် ပဉ္စမအကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Aug 22,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်တွင် ယခု ပဉ္စမအကြိမ်ခွဲဝေရရှိသည့် တရုတ်နိုင်ငံထုတ် (Sinopharm) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အလုံး(၁၀၀၀)ကို ယမန်နေ့ နံနက်(၈)နာရီမှ ညနေ (၃) နာရီအချိန်ထိ မြို့နယ်ပြည်သူ့ဆေးရုံ ဆာဆာကာဝါခန်းမ၊ အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာ မူလတန်းလွန်ကျောင်း၊ အမှတ် (၃)ရပ်ကွက်ရှိ အခြေခံပညာ အလယ်တန်း ကျောင်း(ခွဲ)တို့တွင် စုရပ် လေးနေရာသတ်မှတ်ပြီး အဖွဲ့ လေးဖွဲ့ခွဲကာ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထီးချိုင့်မြို့တွင် ဧရာဝတီမြစ်ရေသည် မြို့၏ စိုးရိမ်ရေမှတ်အနီး ၇၀ စင်တီမီတာအလို၌ ရောက်ရှိ
Aug 22,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၌ ဧရာဝတီမြစ်ရေသည် မိုး‌လေဝသနှင့် ဇလ‌ဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက်(၆:၃၀)အချိန် တိုင်းထွာချက်အရ (၆၇၀) စင်တီမီတာသို့ ရောက်ရှိနေပြီး မြို့၏ စိုးရိမ်ရေမှတ်ဖြစ်သည့် (၇၄၀)စင်တီမီတာသို့ ရောက်ရှိရန် (၇၀)စင်တီမီတာ အလိုတွင် ရောက်ရှိနေကြောင်း သိရသည်။