မြောင် ဩဂုတ် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အဖွဲ့ဝင်များသည် မြောင်မြို့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ ညနေ(၄)နာတွင် ထီးလှိုင်ရှင်ခန်းမတွင် တွေ့ဆုံဆွေး ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်မှ အဖွင့်အမှာစကား ပြောကြားရာတွင်" မြောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးရာ တွင် ဦးစားပေးအုပ်စုနှင့် ဦးစားပေးအလိုက် ထိုးနှံမှု ကျန်ရှိမှုမရှိစေရေး အတွက် တာဝန်ရှိ သူများက အထူးအလေးထားဆောင်ရွက်ကြရန်၊ မြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တပ်မတော်၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ နှင့်အတူဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပြည်သူများကပါ ပူးပေါင်းပါဝင်ဆောင် ရွက်ကြရန်လိုအပ်ကြောင်း မိမိတို့မြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းအခွန်အခများ အပြည့်အဝ ရရှိစေရေး အလေးထားဆောင်ရွက်စေလိုကြောင်း၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် မြို့ရွာ သန့်ရှင်းသာယာရေးအတွက် တာဝန်ရှိသူများနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း" ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ မိမိတို့ ဌာနအလိုက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာတွင် တိုင်းဒေသ ကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများမှ ရှင်းလင်းတင်ပြ ကြသည့်လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်အကြံပြု ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။
ဆက်လက်၍ မြောင်မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီနှင့် လူမှုရေးအသင်းအဖွဲ့များသို့ (၄၀)လီတာဆံ့ အောက်ဆီဂျင်အိုးနှင့် Concentrator များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသုံးပစ္စည်းများ၊ စားသောက်ဖွယ် ရာများနှင့် ငွေကျပ်တစ်ဆယ့်ငါးသိန်းအား အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်း ရရှိသည်။