မိုင်းယောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

မိုင်းယောင်း ဩဂုတ် ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်စံချန်စံညွန်း ကိုက်ညီစေရေး၊ အရည်အသွေး ပြည့်မီစေရေးအတွက် မြို့နယ်အဆင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူသည် ယမန်နေ့က တာဝန်ရှိသူများနှင့်အတူ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့အတွင်းရှိ ပြည်သူ့ဆေးရုံ နှစ်ထပ်ဆောင်သစ်နှင့် ဝန်ထမ်းအိမ်ရာ လေးခန်းတွဲ နှစ်ထပ်ဆောင်သစ် ဆောက်လုပ်နေမှုများ၊ အမှတ်(၈)ရပ်ကွက် ကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီးမှု၊ ဝမ်ပုံကျေးရွာ၊ ဟိုရမ်းကျေးရွာနှင့် ဟွေထမ်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း RCC တစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုများ၊ မိုင်းယုမြို့အတွင်းရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ရုံးအဆောက်အဦးသစ် ဆောက်လုပ်နေမှု၊ အခြေခံပညာအထက်တန်းကျောင်း RCC တစ်ထပ်၊ ကော်ဆမ်မိန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း RCC တစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုများနှင့် နမ့်ကုတ်တံတား ပြုပြင်ဆောင်ရွက်ထားရှိမှု အခြေအနေအား မြို့နယ်ပညာရေးမှူး ဒေါ်နန်းမြင့်သိန်း၊ စိစစ်ရေးကော်မတီအတွင်းရေးမှူး ဦးထက်ဝေတင့်၊ အဖွဲ့ဝင် ဦးစိုင်းစိုးစိုး၊ ဦးစိုင်းဟိန်းလွမ်းမိုးနှင့် တာဝန်ရှိသူများလိုက်ပါ၍ တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်စံချန်စံညွန်း ကိုက်ညီစေရေး၊ အရည်အသွေး ပြည့်မီစေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း