ဝက်လက်မြို့ တွင် စတုတ္ထအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး လူဦးရေ ၁၀၀၀ ကို ဆက်လက် ထိုးနှံပေး

ဝက်လက် သြဂုတ် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင်၊ ယခု လတ်တလော ဖြစ်ပွားနေ သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို စတုတ္ထ အကြိမ်မြောက်ကို   သြဂုတ်လ ၂၀ ရက်နေ့ က အသက် ၆၅ နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားများ၊ ရဟန်းသံဃာများ၊ ဝန်ထမ်းများ ၊စျေးရောင်းချသူများကို အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက် နှင့်အညီ စုရပ် ၃ ခုတွင် နံနက် ၈ နာရီမှ ညနေ ၃ နာရီ အထိ လူဦးရေ ၁၀၀၀ ဦးကို ကာကွယ်ဆေးထိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို  မြို့နယ် အဆင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ  ပူးပေါင်းကာ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ထုတ်လုပ်သော ကိုဗစ် - ၁၉ ရောဂါ ကာကွယ်  ကိုနောက်ထပ် ရရှိပါက ဒေသခံ ပြည်သူများကို  ဆက်လက်၍ ထိုးနှံပေးသွာမည် ဖြစ်ကြောင်းကို မြို့နယ် အဆင့် ကိုဗစ် - ၁၉ ထိန်းချုပ်ရေး နှင့်  အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။          

စိုးစိုးလှိုင် (ဝက်လက် )