ရပ်စောက် ဩဂုတ် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် စည်ပင်သာယာရေးဌာနမှ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာနှစ်တွင် ဒေသဖွံ့ဖြိုးရေး(Clean and Green City) ဖော်ဆောင်ရေးရန်ပုံငွေ ကျပ်သန်း(၂၄၀)ဖြင့် အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ရပ်စောက်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး(Clean and Green City) ဖော်ဆောင်ရေး ရန်ပုံငွေဖြင့် ချောင်း၊ တံတားနှင့် ရေမြောင်းများနုန်းဆယ်ယူခြင်း၊ ကျောက်စီ ရေမြောင်းများပြုလုပ်ခြင်း၊ မြို့ထွက် ဆိုင်းဘုတ်များ ပြုပြင်ခြင်း၊ တံတားများတည်ဆောက်ခြင်း၊ လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မြေယာရှုခင်းများ ပြုလုပ်ခြင်း၊ ပန်းခြံအတွင်း အားကစားပစ္စည်းများတပ်ဆင်ခြင်း၊ နာရီစင်မီးတိုင်များ အလှဆင်ခြင်း၊ လမ်းမီးလုံးများလဲလှယ်တပ်ဆင်ခြင်း၊ Clean and Green City ဆိုင်းဘုတ်များ ပြုလုပ်ခြင်းနှင့် အမှိုတ်ပုံးများတပ်ဆင်ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဝင်းနှင့် တာဝန်ရှိသူများမှ သွားရောက် စစ်ဆေးခဲ့ရာ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်နှင့် တာဝန်ခံ အင်ဂျင်နီယာ ဒေါ်နန်းဆုမြတ်ဇော် တို့မှ ရှင်းလင်းတင်ပြခဲ့ကြသည်။
အဆိုပါလုပ်ငန်းများကို (Clean and Green City) ဖော်ဆောင်ရေးရန်ပုံငွေဖြင့် မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ အကောင်ထည်ဖော် ဆောင်ရွက် လျက်ရှိရာ လုပ်ငန်းဆောင်ရွက်မှု ကိုးဆယ်ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေး ဌာနမှ သိရသည်။