ကျောက်ဆည်မြို့နယ် ငါးအိုးကျေးရွာနှင့် ရေပြစ်ကြီးကျေးရွာများတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများ သတ္တမအအကြိမ်မြောက် ထုတ်ချေးပေး

 

ကျောက်ဆည်  ဩဂုတ်   ၂၂

 

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်မြို့နယ် ငါးအိုးကျေးရွာနှင့် ရေပြစ်ကြီး ကျေးရွာများတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ အရောင်းအဝယ်နှင့် သက်မွေးဝမ်းကျောင်းလုပ်ငန်းများ တွင် ငွေကြေးသုံးစွဲပြီး ဝင်ငွေတိုးပွားစေရေးအတွက် အရင်းမပျောက်မတည်လည်ပတ်ငွေဖြစ်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများအား ယနေ့နံနက် (၁၀)နာရီက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ သတ္တမအကြိမ်မြောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများကို ငါးအိုးကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူ (၈၃)ဦး အတွက် ငွေကျပ်(၁၈၁)သိန်းနှစ်သောင်းကျပ်၊ မွေးမြူရေးလုပ်ကိုင်သူ (၄၇)ဦးအတွက် ငွေကျပ်(၉၅)သိန်း ရှစ်သောင်းကျပ်၊ အရောင်းအဝယ် လုပ်ကိုင်သူ(၁၃၀)ဦးအတွက် ငွေကျပ်(၂၀၆)သိန်းလေးသောင်းကျပ်၊ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်သူ()အတွက် ငွေကျပ်()သိန်းရှစ်သောင်းကျပ်၊ စုစုပေါင်း ငွေကျပ်(၄၈၈)သိန်းနှစ်သောင်းကျပ်နှင့် ရေပြစ်ကြီးကျေးရွာမှ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူ (၇၂)ဦးအတွက် ငွေကျပ်(၂၈၆)သိန်း၊ မွေးမြူရေး လုပ်ကိုင်သူ (၅၀)ဦးအတွက် ငွေကျပ်(၁၅၁)သိန်း၊ အရောင်းအဝယ် လုပ်ကိုင်သူ(၁၁)ဦးအတွက် ငွေကျပ်(၃၅)သိန်းငါးသောင်းကျပ်၊ စုစုပေါင်းငွေကျပ် (၄၇၂)သိန်းငါးသောင်းကျပ်အား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်အေးနှင့် ဝန်ထမ်းများက ထုတ်ချေး ပေးခဲ့ကြောင်း  သိရသည်။

ကျောက်ဆည်မြို့နယ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ()ရွာ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် (၁၃)ရွာ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ()ရွာ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ()ရွာ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ()ရွာ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်()ရွာ ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ သိရသည်။

 

သက်မောင်(ကျောက်ဆည်)