ရပ်စောက်မြို့နယ်တွင် ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ “Call Center”များ ဖွင့်လှစ်

ရပ်စောက်      ဩဂုတ်  ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့တွင် ဖွင့်လှစ်ထားသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြန်မာနိုင်ငံ သားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကဒ်တစ်မျိုးမျိုးထုတ်ပေးရန် (၃-၅-၂၀၂၁)မှ (၃-၁၁-၂၀၂၂)ရက်နေ့အထိ ပန်းခင်း စီမံချက် ဖြင့် ဆောင်ရွက်လျက်ရှိသည်။

ဒေသခံပြည်သူများအနေဖြင့် ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ သိရှိလိုသည်များ၊ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေး ကဒ်ပြားများ ပြုလုပ်ရာတွင် အဆင်မပြေမှုများရှိပါက ရပ်စောက်မြို့နယ်အတွက်  Call Center (၀၉-၄၀၀၅၅၂၃၀၃)သို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)