လိပ်သို သြဂုတ် ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် ဘားအံခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်နှင့် အဖွဲ့၀င်များက ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများအား တွေ့ဆုံဆွေးနွေး ပွဲပြုလုပ်ခဲ့ သည်။
အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အမှာစကားပြောကြားခြင်း၊ နိုင်ငံသားစိစစ်ရေးကဒ်ဆောင်ရွက်နေမှု “ ပန်းခင်းစီမံချက် ” အောင်မြင် စွာစီမံဆောင်ရွက်နိုင်ရေးအတွက် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး သက်ဆိုင်ရာ ရပ်/ ကျေးအုပ်စု အုပ်ချုပ်ရေး မှူးများမှ ပြန်လည်ဆွေးနွေးတင်ပြချက်များကို သံတောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့်နှင့် တာ၀န်ရှိ သူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် လိပ်သိုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အတွက် ဆိုလာ (၁) စုံ ၊ ခေါက်ဆွဲခြောက်နှင့် Mask များ ပေးအပ်ခဲ့သည်။
ဆက်လက်၍ လိပ်သိုမြို့ ပြည်သူ့ဆေးရုံသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ငွေကျပ် (၂) သိန်း ၊ ဆိုလာ (၃) စုံ ၊ ခေါက်ဆွဲခြောက်နှင့်ကော်ဖီတို့ကို ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၀င်များက ထောက်ပံ့ပေးအပ်ရာ တာ၀န်ခံဆရာ၀န် ဒေါက်တာဇေယျာဦးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)