ငွေဆောင် သြဂုတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင်းရှိ စည်ပင်သာယာမြို့မဈေးတွင် ကိုဗစ် -၁၉ စည်းကမ်းချက်များနှင့်အညီ လိုက်နာရောင်းချမှုရှိ/ မရှိကို ယနေ့ နံနက်(၇)နာရီအချိန်က တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ စစ်ဆေးရာတွင် ငွေဆောင်မြို့ အုပ်ချုပ်ရေးမှူး ဦးဝင်းကျော်နှင့် တာဝန်ရှိသူများက စည်ပင်သာယာဈေးအတွင်း ဈေးရောင်းချ သူများနှင့် ဈေးဝယ်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ညွန်ကြားချက်များနှင့်အညီ ကိုဗစ် - ၁၉ စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ခြင်း၊ နှာခေါင်းစည်း(Mask)များ စနစ်တကျ တပ်ဆင် သွားလာခြင်း၊ လက်ဆေးဘေစင်နှင့် ဆပ်ပြာရည်အသုံးပြုခြင်းရှိ/ မရှိ စစ်ဆေးခဲ့ပြီး လူစည်ကားရာ နေရာဖြစ်သည့် မြို့မဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ထုတ်ပြန်ထားသော စည်းကမ်း ချက်များကို လိုက်နာကြရန် အသိပေးတိုက်တွန်းခဲ့ကြောင်း သိရသည်။
မူမူ