ရေဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများ လိုက်နာနိုင်ရေး အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်
Aug 22,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြည်သူများထံ ပန်ကြားချက်ပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများအား မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်ချက်အရ ရပ်ကွက်/ကျေးရွာနေ မိဘပြည်သူများသိရှိပြီး လိုက်နာစေရေးအတွက် ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်မှ ညနေ ၄ နာရီအထိ မြို့ပေါ်ရပ်ကွက်ရှိ လမ်းများ၊ ပိန်းရှောင်၊ သစ်တိုထောင့်၊ ရလိုင်၊ ပုဂေါဇွန်းကျေးရွာများအထိ မော်တော်ယာဉ်ဖြင့် လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ကြေညာပေးလျက်ရှိကြောင်း သိရသည်။