မိုးနဲ ဩဂုတ် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊လင်းခေးခရိုင် ၊မိုးနဲမြို့နယ် စည်ပင်သာယာရေးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ပြည်နယ်အထွေထွေပိုလျှံရန်ပုံငွေမှ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ဖြင့် ဟော်ဝင်း မြို့နယ်စုပေါင်းရုံးအဝင်လမ်း ကွန်ကရစ်ခင်းခြင်းနှင့် လမ်းဘေး ဝဲ/ယာ ရေစီးရေလာကောင်း မွန်ရေး အုတ်စီရေနုတ်မြောင်းတူးဖော်ခြင်း လုပ်ငန်းကို ယနေ့နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ခွင့်ပြုရန်ပုံငွေကျပ် ၉၅ ဒသမ ၆ သိန်း နှင့် ကွန်ကရစ်လမ်းအရှည် ပေ ၂၂၀ ၊လမ်းအကျယ် ပေ ၂၀ နှင့် ထု ၆ လက်မ ကိုလည်း ကောင်း ၊လမ်း ဘေး ဝဲ/ယာ ရေစီးရေလာကောင်းမွန်ရေး အုတ်စီ ရေနုတ် မြောင်း အရှည်ပေ ၂၁၀ ၊ အကျယ်နှင့်အနက် တစ်ပေခွဲစီ ဆောင်ရွက်မှုအတွက် ခွင့်ပြုရန်ပုံငွေကျပ် ၇၂ သိန်း လုပ်ငန်းနှစ်မျိုး အတွက် စုစုပေါင်းခွင့်ပြုရန်ပုံငွေ ၁၆၇ ဒသမ ၆ သိန်းဖြင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း တာဝန်ရှိသူ၏ပြောကြားချက်အရ သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)