လေးမျက်နှာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အတွက် မြက်ဖြတ်စက် ပေးအပ်

လေးမျက်နှာ   သြဂုတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းဝေးခန်းမ၌ ယနေ့နံနက်၁၀နာရီ အချိန်က မြက်ရိတ်စက်ထောက်ပံ့ ပေးအပ် ခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ခြင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးသိန်းဆိုင်ကမြို့နယ်အတွင်းသန့်ရှင်းသာယာလှပရေး လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်စေ ရေး၊မြို့တွင်းလမ်းဘေးဝဲယာများ၊မြို့ဝင်မြို့ထွက်များနှင့် မိန်းလမ်းမများ တစ်လျောက်အား သာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ထောက်ပံ့ပေးအပ်ရခြင်း ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြက်ရိတ်စက်(၂)လုံးအားပေးခဲ့ပြီး မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးအောင်ဇေယျ နှင့်ဝန်ထမ်းများလက်ခံရယူခဲ့ ကြောင်းသိရသည်။

ဝေဝေ(လေးမျက်နှာ)