လက်ပံတန်း သြဂုတ် ၂၂
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့ မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ထိန်းချုပ်ရေးကာလအတွင်း ပင်စင်စားများအတွက် ပင်စင်လစာများကို သြဂုတ်လ၂၃ရက်နေ့မှစ၍ ရပ်ကွက်အလိုက် စနစ်တကျ ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ထုတ်ပေးရာ၌ မြို့နယ်တွင်ကိုဗစ်-၁၉ကူးစက်မှုနှုန်းမြင့်တတ်နေအဖြင့် လူစုလူ ဝေး မဖြစ်ပေါ်စေရေးအတွက် သြဂုတ်လ ၂၃ ရက်နေ့တွင် မအူကုန်ရပ်ကွက် ပင်စင် စားများအားလည်းကောင်း၊ ၂၄ ရက်နေ့တွင် မြို့မရပ်ကွက် ပင်စင်စားများအား လည်းကောင်း၊၂၅ နေ့တွင် မင်းရပ်ရပ်ကွက် ပင်စင်စားများအား လည်းကောင်း၊၂၆ ရက်နေ့တွင် ဘီးလင်းတန်းရပ်ကွက် ပင်စင်စားများအားလည်းကောင်း၊ ၂၇ ရက်နေ့ တွင် ကျွန်းကလေး ပင်စင်စားများအားလည်းကောင်း ထုတ်ပေးမည်ဖြစ်ပြီး၊ ကျေးရွာ အုပ်စုနေ ပင်စင်စားများအား မိမိအဆင်ပြေသည့်နေ့တွင် လာရောက် ထုတ်ယူနိုင်ပါ ကြောင်းနှင့် ကိုယ်စားလှယ်နှင့် ထုတ်ယူလိုပါက လိုအပ်သည့် အထောက်အထားဖြင့် လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။
ပင်စင်ထုတ်ယူရာတွင် ကိုဗစ်ကာကွယ်ရေးပစ္စည်းများဖြစ်သော Mask၊ Face Shield၊ လက်အိပ်များ ဝတ်စင်လာရောက်ကြပါရန် ကြိုတင်အသိပေး ကြေညာထားပြီး ဖြစ်ကြောင်း သိရသည်။ လက်ပံတန်း မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားဝန်ထမ်း ၂၄၂၉ဦးအား သတ်မှတ်ရက်များတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းခိုပ်ရေးနှင့်ရေးပေါ် တုံ့ပြန်ရေးကော်မတီကြေညာချက်အရ နေ့စဉ်နံနက်၈နာရီမှ၁၂နာရီအထိ ကိုဗစ်-၁၉ ကာကွယ်ရေးအစီအမံများဖြင့် ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဘဏ်မန်နေဂျာ ဦးဝင်းမိုးကျော်ထံမှသိရသည်။
မြို့နယ်(ပြန်/ဆက်)