မိုးနဲမြို့တွင် ပန်းခင်းစီမံချက်အကြောင်း အသိပညာပေး Talk Show ကျင်းပ

မိုးနဲ   ဩဂုတ်   ၂၂

 ရှမ်းပြည်နယ်(တောင်ပိုင်း)၊လင်းခေးခရိုင် ၊မိုးနဲမြို့နယ်အတွင်းနေထိုင်လျက်ရှိသူများအား အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်များ ဆောင်ရွက်ပေးမည့် ပန်းခင်း စီမံချက်အကြောင်း အသိပညာပေး ဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက် နာရီအချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးညွန့်ရွှေက ဆွေးနွေးပွဲပြုလုပ် ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ် ဦးစီးမှူးရုံးမှ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဦးရဲထက်အောင်က ရပ်ကွက်နှင့်ကျေးရွာများမှ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင် သင့်သော ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်‌ရေး အတွက် ပန်းခင်းစီမံချက်ကို ဆောင်ရွက် ခြင်း ဖြစ်ကြောင်း၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေး ရာတွင် လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက် မှတ်မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်း မရှိ၊ ကိုင်ဆောင်လက်မှတ် ရှိသူများ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် အိမ်ထောင်စု လူဦးရေ စာရင်းရှိသော် လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ်မရှိသူများ၊ ရွေ့ပြောင်းနေထိုင် သူများအတွက် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင် လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ ကြောင်းသိရသည်။

 ယခုအခါ အသက်(၁၆)နှစ် အထက်ပြည့်ပြီးသူ (၁၈၉)ဦးနှင့် အိမ်ထောင်စုလူဦးရေ စာရင်း(၆) ခုကို အသစ်ပြုလုပ် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး မြို့နယ်အနေဖြင့်  အသက်(၁၆)နှစ် နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ(၂၆၉၄)ဦးအား ဥပဒေနှင့်အညီ ကိုင်ဆောင် သင့်သော ကတ်ပြားတစ်မျိုးမျိုး လက်ဝယ်ရရှိရေးဆောင်ရွက်ပေးမည်ဖြစ်ရာ ရပ်ကွက်၊ ကျေးရွာများ အရောက်ကွင်းဆင်းပြီး ပန်းခင်းစီမံချက်အဖြစ် မြို့နယ်အတွင်း နေထိုင်ကြသူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးလုပ်ငန်းများကို လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ -၅-၂၀၂၁ ရက်နေမှ ၃-၁၀ -၂၀၂၁ ရက်နေ့အထိ ပထမ (၅) လတာနှင့် ၄-၁၀-၂၀၂၁ ရက်နေ့မှ ၃၀-၉-၂၀၂၂ ရက်နေ့အထိ  ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 မြို့နယ် (ပြန်/ဆက်)