သတင်းများ

ချောင်းသာမြို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး မီးဘေးလုံခြုံရေးစစ်ဆေး
Nov 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အတွက် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့မီးဘေးလုံခြုံရေးအဖွဲ့က မြေပြင်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
မိုင်းခုတ်မြို့၊ ဝမ်ကောင်းစစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါ နေ့စဉ်စစ်ဆေး ဆောင်ရွက်လျက်ရှိ
Nov 25,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူများကပူးပေါင်းအားဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည့်အပြင် မြို့အဝင်၊ ဝမ်ကောင်း ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေး စစ်ဆေးရေးဂိတ်၌ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် နေ့စဉ် စစ်ဆေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ငရုတ်ကောင်းမြို့တွင် မိုးစပါးစံကွက်ရိတ်သိမ်း ဆောင်ရွက်
Nov 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ရေကျော်ကျေးရွာနှင့် သက်က္ကယ်ကွင်း ကျေးရွာတို့တွင် ယနေ့နံနက်၈နာရီက စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် တောင်သူများပူးပေါင်းပြီး မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်ခဲ့သည်။
လပွတ္တာမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Nov 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်လပွတ္တာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ "လူမှု့ဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ယနေ့ နံနက် ၉ နာရီ ကြိမ်ကွင်းကျေးရွာ အုပ်စုတွင် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
တာ​​​​လေမြို့၌ အသက် ၁၈ နှစ်အထက် ပြည်သူများအား ​ရောဂါကူးစက်ခံထားရခြင်း ရှိ မရှိ Test kit ဖြင့် စစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး
Nov 25,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ တာလေမြို့ရှိ နားယောင်းကျေးရွာအုပ်စုအတွင်း ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရခြင်း ရှိ မရှိ RDT Test Kit ဖြင့် စစ်ဆေးခြင်းနှင့် ကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ ကျေးရွာအုပ်စုအတွင်း ဆေးထိုးစုရပ် (၃) နေရာ၌ အသက် ၁၈ နှစ်အထက်ရှိ ပြည်သူများအား ကာကွယ်​ဆေးများ ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် သလဲကုန်းကျေးရွာသို့ ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
Nov 25,2021
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက် ရှိရာ ယမန်နေ့ နံနက် ၉နာရီခွဲက သလဲကုန်းကျေးရွာအုပ်စုတွင် ပြည်သူများအား နိုင်ငံသားစိစစ် ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ညောင်ဦးမြို့နယ် ၂၂ ကြိမ်မြောက် မိုးပေါ်ကျမဟာဘုံကထိန်ရေစက်ချအခမ်းနားကျင်းပ
Nov 25,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်လုံးဆိုင်ရာ ၂၂ ကြိမ်မြောက်မိုးပေါ်ကျ မဟာဘုံကထိန် ရေစက်ချအခမ်းအနားကို နိုဝင်ဘာ ၂၅ရက်၊ နံနက် ၁၀နာရီအချိန်က ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အနော်ရထာခန်းမတွင် ရေစက်ချ မင်္ဂလာအခမ်းအနား ကျင်းပ ခဲ့ကြောင်းသိရသည်။