ပုသိမ်ကြီး နိုဝင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက် ရှိရာ ယမန်နေ့ နံနက် ၉နာရီခွဲက သလဲကုန်းကျေးရွာအုပ်စုတွင် ပြည်သူများအား နိုင်ငံသားစိစစ် ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပန်းခင်းစီမံချက်ဖြင့် အသက်(၁၆)နှစ်နှင့် (၁၈)နှစ်ကြား နိုင်ငံသား စိစစ် ရေးကတ်ပြားပြုလုပ်သူ အမျိုးသား(၈)ဦး၊ အမျိုးသမီး(၇)ဦး၊ အသက်(၁၈)နှစ်အထက် နိုင်ငံသား စိစစ်ရေး ကတ်ပြားဆောင်ရွက်သူ အမျိုးသား(၁၁)ဦး၊ အမျိုးသမီး(၁၀)ဦး၊ စုစုပေါင်း (၃၆)ဦးတို့ အား နိုင်ငံသားစိ စစ်ရေးကတ်ပြား ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း အဆိုပါ မြို့နယ်ရုံး ထံမှ သိရသည်။
ပုသိမ်ကြီးမြို့နယ်အတွင်း ပန်းခင်းစီမံချက်အရ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက် ပေးသလို မြို့နယ်ရုံး၌လည်း ပြည်သူများလိုအပ်သည့် နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စု စာရင်းနှင့် အခြားလိုအပ်သည်များကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)