သတင်းများ

ဆင်ပေါင်ဝဲမြို့၊ လယ်ကျိုးကျေးရွာ၌ VDP စီမံကိန်းဖြင့်ဆောင်ရွက်မည့် ကွန်ကရစ်လမ်းခင်းမည့်နေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Nov 25,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့၊ လယ်ကျိုးကျေးရွာတွင် VDP စီမံကိန်းဖြင့် ဆောင်ရွက်မည့် ကွန်ကရစ်လမ်းခင်း မည့်နေရာအား ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး နှင့် တာဝန် ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Nov 25,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးကို အဓိကထား စိုက်ပျိုးပြီး အခြားသီးနှံ မျိုးစုံကိုလည်း မြေအနေအထားအပေါ်မူတည်ပြီး စိုက်ပျိုးလျက်ရှိရာ  သင်ပျိုးကျေးရွာတွင် စိုက်ပျိုး ထားသောနေကြာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
ဂွမြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ
Nov 25,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နေ့လယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက မြို့နယ် ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ်ရပ်ကွက်များတွင် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပေး နှိုးဆော်ခြင်းများ ဆက်လက်ဆောင်ရွက်
Nov 25,2021
ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မိဘပြည်သူများ လိုက်နာဆောင်ရွက်သင့်သည့် အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခြင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ပေးလျက်ရှိသည်။
လမ်းမတော်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) များ ဆက်လက်ထိုးနှံပေးလျက်ရှိ
Nov 25,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမ‌တော်မြို့နယ်အတွင်း၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ် နိုင်ရန်အတွက်၊ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်၅၅နှစ်နှင့်အထက် ပြည်သူများအား ဒုတိယ အကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းနှင့် အသက်၄၀နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ၊ ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို လမ်းမတော်မြို့နယ်၊ အ.လ.က (၁)တွင်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။
ခိုလမ်မြို့မစျေးအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးဆောင်ရွက်       
Nov 25,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ ခိုလမ်မြို့ ၊ မြို့မစျေးရှိ စားသောက်ဆိုင်များ ၊ ကုန်စုံဆိုင်များအား မီးဘေးအန္တရာယ်ကြိုတင် ကာကွယ် ရေး အသိပညာပေး လုပ်ငန်းများကို ယနေ့ နံနက် (၉) နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်တွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် ကွန်ပျူတာစာရင်း ရေးသွင်းနိုင်ရေး ဆွေးနွေးပွဲကျင်းပ
Nov 25,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် နောင်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မြို့နယ်ကော်မရှင်အဖွဲ့ဝင်များ ဆွေးနွေးပွဲကို ယမန်နေ့ မွန်လွဲ ၃ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ ပတ္တမြားအစည်းအဝေး ခန်းမဆောင်၌ ကျင်းပပြုလုပ် ခဲ့သည်။
ကျေးသီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ ( ၁၅ )ဦးကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ထပ်မံဆင်းခွင့်ပြု
Nov 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ကျေးသီးမြို့နယ် တိုင်းရင်းဆေးရုံ သီးသန့်ဆောင်တွင် ထားရှိကုသပေးလျက်ရှိသည့် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ (၁၅ )ဦးမှာ ကျန်းမာရေးပြန်လည် ကောင်းမွန်လာသည့် အတွက် နိုဝင်ဘာလ ၂၄ ရက်နေ့က ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။