ချောင်းသာမြို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး မီးဘေးလုံခြုံရေးစစ်ဆေး

ချောင်းသာ နိုဝင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အတွက် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့မီးဘေးလုံခြုံရေးအဖွဲ့က မြေပြင်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ ဆောင်ရွက်ရာတွင် ချောင်းသာမြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်၊ မြို့မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဝေယံစိုး ဦးဆောင်၍ မြို့မီးဘေးလုံခြုံရေးအဖွဲ့များက  Hotel ၊ Motel များ၊ တည်းခိုခန်းများ၊ ရပ်ကွက်အတွင်းရှိ လူနေအိမ်များ၌  မီးဘေးအန္တရာယ် မဖြစ်ပွား စေရေးနှင့် မီးဘေးကြောင့် ဒေသခံပြည်သူလူထုများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှု မရှိစေရေးအတွက်   လျှပ်စစ်မီးဖိုများ ၊ လျှပ်စစ်ထမင်းပေါင်းအိုးများ စသည့်တို့ကို စနစ်တကျ အသုံးပြုစေရေး၊ အသုံးပြုလျက်ရှိသော လျှပ်စစ်ဝါယာကြိုးများ ဟောင်းနွမ်းနေပါက အသစ် လဲလှယ်တပ်ဆင်စေရေး၊ ထင်းမီးဖိုဖြင့် ထမင်း၊ ဟင်း ချက်ပြုတ်သူများအနေဖြင့် မီးကြွင်း၊ မီးကျန် များကို စနစ်တကျ မီးငြိမ်းသတ်စေရန် နှင့် မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံးများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ ၊ရေကန်များ၌ ရေများဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ကြောင်း ကွင်းဆင်း စစ်ဆေးအကြံပြု လမ်းညွန်မှာကြားခဲ့ကြကြောင်း သိရသည်။

ကျော်ကျော်(ချောင်းသာ၊ပြန်/ဆက်)