လပွတ္တာ နိုဝင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်လပွတ္တာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ "လူမှု့ဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ယနေ့ နံနက် ၉ နာရီ ကြိမ်ကွင်းကျေးရွာ အုပ်စုတွင် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရွှေသာ၏ ကြီးကြပ်မှု့ဖြင့် ဦးသက်မိုးလွင် ဦးဆောင်သော ဝန်ထမ်းများ ပူးပေါင်း၍ ကြိမ်ကွင်းကျေးရွာအုပ်စု့ နေအသက်(၁၆)နှစ်နှင့်အထက် (၂၅)ဦး၊အသက် (၁၈)နှစ် နှင့်အထက်(၈၇)ဦး၊ စုစုပေါင်း (၁၁၂)ဦးအား နိုင်ငံသား စိစစ်ရေးကတ်ပြား ဆောင်ရွက် ပေးခဲ့သည်။
မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ (၄၄၈၄)ကျော်ဆောင် ရွက်ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ပန်ခင်းစီမံချက်အနေနှင့် ၂၀၂၁ ခုနှစ်မေလ ၃ ရက်နေ့မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့အထိကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူး ဦးရွှေသာထံမှ သိရှိရသည်။