သတင်းများ

ကန်ကြီးထောင့်မြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Nov 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထာင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာဦးနှင့် ဝန်ထမ်းများက နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် များအား ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာများသို့ သွားရောက်ဖြန့်ဝေပေးခဲ့သည်။
အင်္ဂပူမြို့နယ်တွင် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း
Nov 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း ငါးသယံဇာတများ တိုးပွားပြီး ရေရှည်စဉ်ဆက်မပြတ် တည်တံ့စေရန်နှင့် ငါးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ငါးမျိုးစိုက်ထည့်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်မှု၊ ခရိုင် ငါးလုပ်ငန်းဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ယနေ့ နံနက် ၉နာရီက သဘာဝ ရေပြင်ဖြစ်သော ဆုံကုန်းကျေးရွာအုပ်စုရှိ ငဝန်မြစ်အတွင်းသို့ ငါးမြစ်ချင်း၂ လက်မအောက်ခံ ကောင်ရေ ( ၁ )သိန်း( ၅ ) သောင်းအား မျိုးစိုက်ပေးခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့ရှိ အောက်ဆီဂျင်စက်ရုံ၊ မိုးလုံလေလုံအားကစားခန်းမနှင့် ဒေါနခန်းမဖွင့်ပွဲ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တက်ရောက်ဖွင့်လှစ်ပေး
Nov 25,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ အမှတ် (၆)ရပ်ကွက် မွေးမြူရေးဇုံရှိ အောက်ဆီဂျင်စက်ရုံ အဝင်လမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၈)နာရီအချိန်က အဆိုပါ အောက်ဆီဂျင်စက်ရုံ အဝင်လမ်း၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်နှင့် ဝန်ကြီးများက တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် “မျှစ်စိုက်ပျိုးထုတ်လုပ်ရေး တန်ဘိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်မှုအပေါ် အခြေခံ၍ ကျေးလက်နေအိမ်ထောင်စုများ၏ လူမှုဘဝဝင်ငွေရရှိနိုင်မှုမြှင့်တင်ပေးနိုင်ရေးဆိုင်ရာ စီမံကိန်း"စတင်ခြင်း အလုပ်ရုံဆွေးနွေးပွဲတက်ရောက်
Nov 25,2021
ကျေးလက်နေ အိမ်ထောင်စုများ၏ အလုပ်အကိုင်နှင့် ဝင်ငွေရရှိရေး၊ လူမှုဘဝနှင့် စားနပ်ရိက္ခာဖူလုံမှုတို့ကို တိုးမြှင့်ပေးနိုင်ရေးနှင့် မျှစ်စိုက်ပျိုး ထုတ်လုပ်မှု တန်ဘိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်လာရေးကို ရည်ရွယ်လျက် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည့်ဒေသများရှိ ကျေးလက်နေ အိမ်ထောင်စုများအကြား ထိရောက်သည့် အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ စတုတ္ထအကြိမ်မှု အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် မျှစ်စိုက်ပျိုးထုတ်လုပ်ရေး တန်ဘိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်မှုအပေါ် အခြေခံ၍ ကျေးလက်နေအိမ်ထောင်စုများ၏ လူမှုဘဝဝင်ငွေရရှိနိုင်မှုမြှင့် တင်ပေးနိုင်ရေးဆိုင်ရာ စီမံကိန်း" စတင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်(၉)နာရီတွင် နေပြည်တော်ရှိ Horizon Lake View Resort ၌ ကျင်းပသည်။
မိုင်းယောင်း၌ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ
Nov 25,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ (၁၀၁)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား  လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက် များ၌ ဖြန့်ဝေခဲ့သည်။
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းဆောင်ရွက်ပေး
Nov 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ကျောင်းကုန်းမြို့နယ်၊ ကျုံတာအုပ်စု၊ ကျုံတာကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများ ကို ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ၂၀၂၂ ခုနှစ်၊ ( ၇၄ ) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
Nov 25,2021
၂၀၂၂ ခုနှစ်၊ ( ၇၄ ) နှစ်မြောက် လွတ်လပ် ရေး နေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက် အမှာစကားပြောကြားသည်။
နာဂဒေသ၊ လေရှီးမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပရိဘောဂပြုလုပ်နည်း သင်တန်းဖွင့်လှစ်
Nov 25,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ယနေ့နံနက် (၁၀) နာရီအချိန် က အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပရိဘောဂပြုလုပ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့် က အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခေါင်းပေါ့ က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။