ငရုတ်ကောင်း နိုဝင်ဘာ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ရေကျော်ကျေးရွာနှင့် သက်က္ကယ်ကွင်း ကျေးရွာတို့တွင် ယနေ့နံနက်၈နာရီက စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် တောင်သူများပူးပေါင်းပြီး မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်ခဲ့သည်။
မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်ခြင်းကို ရေကျော်ကျေးရွာတောင်သူ ဦးဝင်းနိုင်၏ လုပ်ကိုင်ခွင့်ရရှိသည့် ကွင်းအမှတ်(၁၉၆၄) ဦးပိုင်အမှတ်(၅၃)၊ လယ်မြေ(၅)ဧကတွင် စိုက်ပျိုးထားသည့် ပေါ်ဆန်းရင်မိုးစပါးမျိုးသန့် စိုက်ခင်း၌ စံကွက်ရိတ်သိမ်းရာ (၁)ဧကလျှင် (၅၆)တင်းထွက်ရှိခဲ့သည်။ ပြီးနောက်သက္ကယ်ကွင်းကျေးရွာ တောင်သူဦးပြုံးချို၏ လုပ်ကိုင်ခွင့် ရရှိသည့် ကွင်းအမှတ်(၁၉၆၄)၊ ဦးပိုင်အမှတ်(၅၀/၂)၊ လယ်မြေ(၅)ဧကတွင် စိုက်ပျိုးထားသည့် ဧရာမင်းမိုးစပါးမျိုးသန့် စိုက်ခင်း၌ စံကွက်ရိတ်သိမ်းရာ (၁)ဧကလျှင်(၇၈)တင်း ထွက်ရှိခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးကျော်စွာထွန်းမှ စံကွက်ရိတ်သိမ်းခြင်းဖြင့် ရရှိသော အထွက်နှုန်းအပေါ် အကြံပြုဆွေးနွေးပြီး တောင်သူများမျိုးကောင်းမျိုးသန့်များ ထုတ်လုပ်နိုင်ရေး၊ မျိုးစေ့မျိုးကောင်းများ ထုတ်လုပ်ပြီး တောင်သူများ ဝင်ငွေတိုးပွားအောင် ဆောင်ရွက်နိုင်ရေးတို့ကို ပြောကြားခဲ့သည်။