သတင်းများ

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ် (တံတားကျိုး) လမ်းပေါ်ရှိ ပတတံတားဖွင့်ပွဲ အခမ်းအနားတက်ရောက်
Nov 25,2021
ကရင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတား ဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁၄)မှ တာဝန်ယူတည်ဆောက်ပြီးစီးခဲ့သည့် ကရင်ပြည် နယ်၊ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့နှင့် ကော့ကရိတ်မြို့နယ်တို့ကို အဓိကဆက်သွယ်ပေးသော ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်(တံတားကျိုး)လမ်းပေါ်ရှိ ပတတံတားဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီ ခန့်က အဆိုပါ တံတားတည်နေရာ၌ ကျင်းပသည်။
လွိုင်လင်မြို့မစျေး မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်းစစ်ဆေး
Nov 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့မစျေးအတွင်း ယနေ့နံနက်၈နာရီအချိန်က မြို့မစျေး မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် မီးသတ်ရေပိုက်များ၊ မီးသတ်ရေငုတ်များ၊ ရေကန်များ၊ မီးချိတ်/မီးကပ်များထားရှိမှု၊ ဆိုင်ခန်းများတွင် မီးသတ်ဆေးဗူးများ တပ်ဆင် ထားရှိမှုနှင့်ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်း ဦးဆောင်ကာ မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ၊မြို့နယ် လျှပ်စစ်နှင့် တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့မှစစ်ဆေးကြည့်ရှုခဲ့ကြသည်။
ငါ့သရောက်မြို့တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ ဖြန့်ဝေ
Nov 25,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများအတွက်၊ အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျှက်ရှိရာ၊ ယနေ့ နံနက် (၉) နာရီက (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲအကြို ထုတ်ဝေသည့် သတင်းစကားလက်ကမ်း စာစောင်များကို မြို့ပေါ်ရပ်ကွက် နေပြည်သူများနှင့် ကျောင်းသားကျောင်းသူများထံ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့ Community center ခန်းမတွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြောင်းသိကောင်းစရာများ ပညာပေး (Talk Show) ပြုလုပ်
Nov 25,2021
ရှမ်းပြည်နယ်( တောင်ပိုင်း )၊ပအို၀်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်ရုံး လူထု အခြေပြုဗဟိုဌာန (Community center) ခန်းမတွင် (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အကြောင်းသိကောင်းစရာခေါင်းစဉ်ဖြင့် ပြည်သူများအသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေး (Talk Show) အစီအစဉ်ကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ကြောင်း သိရသည်။
ဓနုဖြူမြို့နယ်တွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Nov 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရှိ မြို့ပေါ်အခြေခံပညာကျောင်းများ၊ လူစည်ကားရာနေရာများတွင် ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ထုတ်ဝေသည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်အား ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့သည်။
ညောင်တုန်းမြို့နယ်သို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှ Oxygen Concentrator နှင့် Oxygen Cylinder များပေးအပ်လှူဒါန်း
Nov 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ပြည်သူ့ဆေးရုံကြီးနှင့် မြို့နယ် ကြက်ခြေနီအသင်းသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှ Oxygen Concentrator နှင့် Oxygen Cylinder များ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက မြို့နယ်ပြည်သူ့ဆေးရုံး အစည်းဝေးခန်မ၌ ပြုလုပ်ကျင်းပခဲ့သည်။
ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ပဉ္စမအကျော့)(ပထမအကြိမ်) ဆက်လက် ထိုးနှံပေးလျက်ရှိ
Nov 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ အမျိုးသားခန်းမ ဆေးထိုးစုရပ်၌ နိုဝင်ဘာ လ ၂၅ ရက်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပဉ္စမအကျော့) (ပထမအကြိမ်) လူဦးရေ(၂၀၀)ဦးကို ဦးစားပေး ဦးတည်အုပ်စုများအလိုက် ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။