နာဂဒေသ၊ လေရှီးမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပရိဘောဂပြုလုပ်နည်း သင်တန်းဖွင့်လှစ်
Nov 25,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ယနေ့နံနက် (၁၀) နာရီအချိန် က အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပရိဘောဂပြုလုပ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့် က အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခေါင်းပေါ့ က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။