မိုင်းခုတ် နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူများကပူးပေါင်းအားဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည့်အပြင် မြို့အဝင်၊ ဝမ်ကောင်း ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေး စစ်ဆေးရေးဂိတ်၌ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် နေ့စဉ် စစ်ဆေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝမ်ကောင်း ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်သည် ကျိုင်းတုံ-မိုင်းခုတ်-မိုင်းဆတ်သွား ကားလမ်းမဘေး တွင် တည်ရှိပြီး ကျိုင်းတုံဘက်မှလာသည့် ခရီးသွားပြည်သူများအား ခရီးသွားရာဇဝင်များ စစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကိုဗစ်-၁၉ ရောဂါပိုးမရှိကြောင်း စစ်ဆေးပြီးသည့် ထောက်ခံချက်ပါ/မပါ စစ်ဆေးခြင်းနှင့် မပါရှိပါက RDT Test Kit ဖြင့် စစ်ဆေးပေးပြီး ရောဂါပိုး မတွေ့ရှိမှသာ လိုရာခရီးကို ဆက်လက်သွားလာခွင့်ပြုခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ စစ်ဆေးရေးဂိတ်တွင် မြို့အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ ကျန်းမာရေး၊ ရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့နှင့်ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်းပါဝင်ပြီး နေ့စဉ်ပိတ်ရက်မရှိ နံနက် ၆ နာရီမှ ညနေ ၆ နာရီ အထိ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)