သတင်းများ

နမ္မတူမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ မြို့နယ်ဖွံဖြိုးတိုးတက်ရေးအတွက် ကွန်ကရစ်လမ်း ခြောက်ခု၊ ကျောက်စီရေမြောင်း နှစ်ခု၊ ကွန်ကရစ်တံတား သုံးစင်းနှင့် ဂါလံ (၁၅၀၀၀)ဆံ့ရေစုကန် တစ်ကန် ဆောင်ရွက်ပေးသွားမည်ဖြစ်
Nov 25,2021
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ မြို့နယ်သန့်ရှင်းသာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွန်ကရစ်လမ်းခြောက်ခု၊ ကျောက်စီရေမြောင်းနှစ်ခု၊ ကွန်ကရစ်တံတား သုံးစင်းနှင့် ဂါလံ (၁၅၀၀၀) ဆံ့ ရေကန်တစ်ကန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နမ္မတူမြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနမှ သိရသည်။
မြို့သစ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံ
Nov 25,2021
တမူးခရိုင်၊ မြို့သစ်မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စည်းဝေးခန်းမနှင့် အခြေခံပညာ အထက်တန်းကျောင်းတို့၌ ယနေ့နံနက် ၉ နာရီအချိန်မှ စတင်ကာ မြို့နယ်အတွင်းရှိ သံဃာတော်များ၊ ဘာသာရေး ခေါင်းဆောင်များ အပါအဝင် လူမျိုး၊ ဘာသာမရွေး အသက် (၄၅)နှစ်အထက်နှင့် (၁၈)နှစ်အထက်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသားများ၊ နာတာရှည် ရောဂါအခံရှိသူများနှင့် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ဦးတည်အုပ်စုများ သတ်မှတ်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
မိုင်းရှူးမြို့နယ်၌ နိုဝင်ဘာ၂၄ရက်နေ့တွင် ကိုဗစ်အတည်ပြုလူနာနှင့် သေဆုံးသူမရှိ၊ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ (၆)ဦးရှိ
Nov 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးမြို့နယ် ပြည်သူ့ဆေးရုံမှ(၉)ဦး ၊ လွိုင်ဆောင်ထောက် ဆေးရုံမှ(၂၀) ဦး ၊ပေါင်း (၂၉) ဦးကို ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာမရှိကြောင်းသိရပြီး မိုင်းရှူးမြို့နယ် ပြည်သူ့ဆေးရုံမှ ပြန်လည်ကျန်းမာလာသူ အမျိုးသားနှင့်အမျိုးသမီး (၃) ဦးစီရှိကြောင်း သိရသည်။
လှိုင်မြို့နယ် ပြည်သူ့စာကြည်တိုက်၌ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပ​ပြုလုပ်
Nov 25,2021
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့် တိုက် လူထုအခြေပြုဗဟိုပြုဌာန CommunityCenterတွင် ယနေ့နံနက် ၁၁း၀၀နာရီအချိန်က ၁၀၁နှစ် မြောက် အမျိုးသားအောင်ပွဲနေ့အကြို ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပဆောင်ရွက် ပေးခဲ့ပြီး ပြိုင်ပွဲဝင်ကလေးငယ်များကို တာဝန်ရှိသူများမှ လက်ဆောင်ပစ္စည်းများ ပေးအပ် ခဲ့ပါသည်။
ဝမ်းတွင်းမြို့နယ်ဒေသခံပြည်သူ(၁၄၈၅)ဦးအားကိုဗစ်၁၉ရောဂါကာကွယ် ဆေးSinopharmဆက်လက်ထိုးနှံပေး
Nov 25,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ပြည်သူများနှင့်ဒေသခံပြည်သူများအား ကိုဗစ်၁၉ရောဂါကာကွယ် ဆေးSinopharmနှင့်SinovacအားFirstDose၊SecondDoseထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၈)နာရီအချိန်ကစုရပ်များတွင်ဆက် လက်ထိုးနှံ ပေးခဲ့ကြောင်းသိရ သည်။
ကျိုက်ဒုံမြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Nov 25,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ (ပြန်/ဆက်) ဝန်ထမ်းများက ယနေ့ နေ့လယ် ၁၂ နာရီကတန်ဆောင်မုန်းလဆုတ်(၁၀)ရက်နေ့တွင်  ပေါ်ပေါက်ခဲ့သည့် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေ သည့်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် များကို (အ.ထ.က)ကျိုက်ဒုံ ကျောင်းသားကျောင်းသူထံ ဖြန့်ဝေဆောင်ရွက်ပေးခဲ့သည်။
ကွတ်ခိုင်မြို၌(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင် အခမဲ့ ဖြန့်ဝေ
Nov 25,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်  ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန မှ(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်(၉)နာရီ အချိန်ကမြို့မဈေးနှင့် မြို့နယ်ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှိုင်​မြို့နယ်တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ
Nov 25,2021
ရန်ကုန်တိုင်းသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဝန်ထမ်း များက ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်နှင့်ရပ်ကွက်များသို့ အခမဲ့လိုက်လံ ဖြန့်ဝေပေးခဲ့သည်။