ညောင်ဦး နိုဝင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်လုံးဆိုင်ရာ ၂၂ ကြိမ်မြောက်မိုးပေါ်ကျ မဟာဘုံကထိန် ရေစက်ချအခမ်းအနားကို နိုဝင်ဘာ ၂၅ရက်၊ နံနက် ၁၀နာရီအချိန်က ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အနော်ရထာခန်းမတွင် ရေစက်ချ မင်္ဂလာအခမ်းအနား ကျင်းပ ခဲ့ကြောင်းသိရသည်။
၂၂ ကြိမ်မြောက် ဌာနပေါင်းစုံမိုးကျမဟာဘုံကထိန်ရေစက်ချမင်္ဂလာအခမ်အနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ အခမ်းအနားကိုဖွင့်လှစ်ပြီး ညောင်ဦးမြို့ နယ် သံဃနာယက ဥက္ကဌဆရာတော် ဘဒ္ဒန္တပညာသီရိအရှင်သူမြတ်ထံမှဧည်ပရိတ်သတ် အပေါင်းတို့ ငါးပါးသီလံယူ တည်ဆောက်ကြပြီး ဆရာတော်သံဃတော်အရှင်သူမြတ်များ ထံမှမေတ္တာသုတ်ပရိတ်တရား တော်များနာယူကြည်ညိုကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြကာ မြို့နယ်သွဃ နာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တပညာသီရိအရှင်သူ မြတ်ထံမှ မိုးပေါ်ကျမဟာဘုံကထိန် အောင်ပွဲ အနုမောဒနာတရားနာယူ၍ ရေစက်သွန်ချ အမျှအတန်းပေးဝေကြပြီး အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဌတုသုံးကြိမ်ရွတ်ဆိုဆု တောင်း၍ရုတ်သိမ်းခဲ့ကာ ဆရာတော်အရှင်သူမြတ် များအားနေ့ဆွမ်းကပ်လှူကြသည်။
၂၂ ကြိမ်မြောက်မိုးပေါ်ကျမဟာဘုံကထိန်ရေစက်ချ မင်္ဂလာအခမ်းအနားသို့ ညောင်ဦးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်၊ အဖွဲ့တင် ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်း၊ ညောင်ဦး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်ဌာနဆိုင်ရာ ခရိုင် ဦးစီးမှူးများ၊ မြို့နယ် ဦးစီးမှူးများနှင့်ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်ပရိတ်သတ်များ တက်ရောက်ကြကြောင်း သိရသည်။
ကိုထိန်၊KPD