နမ္မတူ နိုဝင်ဘာ ၂၅
တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်မှ) ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဖြန့်ဝေ ဆောင်ရွက်ရာတွင် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၊ “အေးအတူပူအမျှ” (၂၀-၁-၁၉၄၆) ရက်နေ့ ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင်ပြောကြားသည့် ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း၊ အမျိုးသားရေးစိတ်ဓါတ်၊ “အမျိုးသားပညာရေး” (၉၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာမှ ကောက်နုတ်ချက်၊ ၂၀၂၁ ခုနှစ် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည် ချက်များ၊ ရေနံ့သာမောင်ကျော်ညွန့်၏ “ဘုန်းရှင်မြန်မာ တို့မြန်မာ” ကဗျာ၊ “ပညာရေးကဏ္ဍသည် အရေးကြီး” နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၁၁-၄-၂၀၂၁)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်နှင့် “နိုင်ငံသာယာဝ ပြောဖို့ တိုင်ရင်းသားအားလုံး စည်းလုံး ညီညွတ်စို့” ဆောင်ပုဒ်၊ စသည့်အကြောင်းအရာများ ပါဝင်သော (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် (၂၅၅)စောင်အား အများပြည်သူနှင့် ကျောင်းသား/ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် နမ္မတူမြို့နယ်တွင်းရှိ အခြေခံပညာ အလယ်တန်း/အထက်တန်း ကျောင်းများ၊ မြို့မဈေးအနီးတလျှောက် ရှိ ပြည်သူများနှင့် မြို့နယ ်ပညာရေးမှူးရုံးတို့၌ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)