ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းဆောင်ရွက်ပေး

ကျောင်းကုန်း    နိုဝင်ဘာ    ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ကျောင်းကုန်းမြို့နယ်၊ ကျုံတာအုပ်စု၊ ကျုံတာကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများ ကို ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာသို့ ကျောင်းကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှုး ဦးမျိုးဝင်းရှိန်နှင့် ဒုတိယ ..ကမှူး  ဒေါ်ခိုင်မာစိုးတို့က နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသည့် အသက်(၁၀)နှစ်ပြည့်၊ အသက်(၁၈)နှစ်ပြည့်ပြီးသူ နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ ပျက်စီးသူ ပြည်သူများအား ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြန်လည်ထုတ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ အိမ်ထောင်စုလူဦးရေစာရင်း (၅၅)ခုနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၁၁၅)ကတ်ကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ နိုင်ငံတစ်ဝှမ်း အသက် (၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသော ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် (၁၈) လကြာအချိန်ယူကာ ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းကုန်းမြို့နယ်အနေဖြင့် ရပ်ကွက်နှင့် ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ဝင်းကြိုင် (ပြန်/ဆက်)