လေရှီး နိုဝင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ယနေ့နံနက် (၁၀) နာရီအချိန် က အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပရိဘောဂပြုလုပ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့် က အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခေါင်းပေါ့ က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပရိဘောဂပြုလုပ်နည်းသင်တန်းတွင် ဘီရို၊ စားပွဲ၊ ကုလားထိုင် ပြုလုပ်နည်းများအား နိုဝင်ဘာလ(၂၅) ရက်နေ့မှ ဒီဇင်ဘာလ (၈) နေ့အထိ (၁၄)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ၎င်းသင်တန်းသို့ ကျေးရွာ(၅)ရွာမှ သင်တန်းသား (၁၀)ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
ဆိုင်းသား(လေရှီး)