မိုင်းယောင်း၌ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ

မိုင်းယောင်း    နိုဝင်ဘာ  ၂၅

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ (၁၀၁)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား  လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက် များ၌ ဖြန့်ဝေခဲ့သည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၁ ခုနှစ်၊ (၁၀၁)နှစ်မြောက်၊ အမျိုးသား အောင်ပွဲနေ့ ဦးတည်ချက်များ၊   အမျိုးသားအောင်ပွဲနေ့သမိုင်းကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဧပြီ ၁၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကားကောက်နုတ်ချက်၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး ၁၁ ဦး ၏ အမည်၊  ရေနံ့သာမောင်ကျော်ညွန့် ရေးစပ်သီကုံးသည့် ဘုန်းရှင့်မြန်မာတို့ မြန်မာကဗျာ၊ အထိမ်းအမှတ် ဆောင်ပုဒ်များစသည့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး ဓာတ်ပုံ၊ ကဗျာနှင့် စာစုများပါဝင်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း