တောင်ကုတ် နိုဝင်ဘာ ၂၅
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန် တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ်အဖြစ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲကို ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစန်းဝင်း က အမျိုးသားအောင်ပွဲနေ့ စတင်ပေါ်ပေါက်လာပုံ၊ ကျောင်းသားသပိတ်မှောက်ရာမှ အစပြု၍ အမျိုးသားရေးစိတ်ဓါတ်များ ပိုမိုရင့်သန်လာပြီး အမျိုးသားကျောင်းများ ပေါ်ပေါက်လာပုံ၊ သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုခဲ့ကြသည့် ကျောင်းသား(၁၁) ဦးတို့၏ အမည်များကို မှတ်သားသိရှိနိုင်ရေး ပညာပေးဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြသထားသော နံရံ ကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများအား ဒုတိယဦးစီးမှူး ဦးစန်းဝင်း က ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသားကျောင်းသူက စာအုပ်စာပေများအား ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
စန်းဝင်း