အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများနှင့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ညှိနှိုင်းဆောင်ရွက်

မိုးနဲ      နိုဝင်ဘာ   ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊လင်းခေးခရိုင် ၊မိုးနဲမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/ ကျောင်းသူများနှင့် အသက် ၁၈ နှစ်နှင့်အထက်ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် ဌာနဆိုင်ရာများ၊ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက် ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဝင်မြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသားကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးနိုင်ရေး ပညာရေးဌာနအနေဖြင့် ကြိုတင် ဆောင်ရွက်ထားရန် ၊မြို့နယ်အတွင်း ၁၈ နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှု ၃၀ ရာခိုင်နှုန်းကျော်သာ ရှိသည့်အတွက် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်မီစွာထိုးနှံနိုင်ရေး ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိရပ်ကွက်အတွင်း ၁၈နှစ်နှင့်အထက်ပြည်သူများ ကာကွယ်ဆေး လာရောက်ထိုးနှံ နိုင်ရေးနှင့် ကာကွယ်ဆေးထိုးနှံမှု မကျန်ရှိစေရေး ပူးပေါင်းစည်းရုံး ဆောင်ရွက် ပေးသွားကြရန် ၊ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုရှိသော ဈေးဆိုင်များ အမြန်ဆုံး ပြန်လည်ဖွင့်လှစ် ရောင်းချနိုင်ရေး စနစ်တကျ စိစစ်ခွင့်ပြုဆောင်ရွက်သွားရန် ၊နှာခေါင်းစည်း တပ်ဆင်ရေး လှုပ်ရှားမှုများကို သတ်မှတ်ထားသည့် နေ့အလိုက် အရှိန်အဟုန်မပျက် ဆောင်ရွက်သွားနိုင်ရေးနှင့် ပညာပေးကာလ ကုန်ဆုံးသွားပြီဖြစ်သည့်အတွက် ဒဏ်ရိုက်သည့် စနစ်ဖြင့် ဆောင်ရွက်သွားရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်းပါဝင်လာရေးအတွက် စည်းရုံးဆောင်ရွက်သွားရန်စသည်ဖြင့် ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ရှင်းလင်းချက်များအပေါ် လိုအပ်သည်များကို တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဝင်းမြင်းက ဖြည့်‌ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (ပြန်/ဆက်)