ကော့ကရိတ်မြို့၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ပုံပြင်ပြောနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Nov 25,2021
ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးနှင့် အယူအဆများ ထက်မြက်လာစေရန်၊ မှတ်ဉာဏ် စွမ်းအား တိုးတက်ကောင်း မွန်လာစေရန်၊ စာပေနှင့် ရင်းနှီးပြီး စာဖတ်ဝါသနာပါလာစေရန်နှင့် ပြောရဲဆိုရဲ သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး နိုဝင်ဘာ (၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုံပြင်ပြောနှင့် စာဖတ် စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နေ့လယ် (၁၂) နာရီခွဲအချိန်က အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပ သည်။