ကော့သောင်း နိုဝင်ဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၁ ခုနှစ်၊ တန်ဆောင်မုန်းလပြည့် ကျော် (၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်အား ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် အခမဲ့ လိုက်လံဖြန့်ဝေ ခဲ့ကြကြောင်း သိရသည်။
အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၁ ခုနှစ်၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်၊ အမျိုးသား အောင်ပွဲနေ့သမိုင်း ကြောင်း၊ ဗိုလ်ချုပ် အောင်ဆန်း၂၀-၁-၁၉၄၆ရက်နေ့ ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင်ပြောကြားသည့် မိန့်ခွန်း ကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၁၁-၄-၂၀၂၁ရက်နေ့တွင်ရန်ကုန် တိုင်းစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံပြောကြား သည့်အမှာစကား ကောက်နုတ်ချက်၊ ရန်ကုန်ယူနီဗာစီ တီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦးနှင့် ကဗျာဆရာ ရေနံ့သာမောင်ကျော်ညွှန် ၏ “ဘုန်းရှင့်မြန်မာ တို့မြန်မာ”ကဗျာ စသည့် အကြောင်းအရာများပါဝင်ပြီး ကျောင်းသား ကျောင်းသူများ လေ့လာသိရှိစေရန် ရည်ရွယ်၍ ဖြန့်ဝေ ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)