သတင်းများ

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲစနစ်ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ
Nov 06,2021
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည်၊ ရွေးကောက်ပွဲတွင် ပြောင်းလဲလာသော ခေတ်အခြေအနေ အရ၊ သင့်လျော်သည့် ရွေးကောက်ပွဲစနစ်မျိုးကို ကျင့်သုံးဆောင်ရွက်နိုင်ရန် အတွက်၊ အချိုးကျ ကိုယ်စားပြုစနစ်(PR) အပါအဝင် ပြောင်းလဲကျင့်သုံးသင့်သည့် ရွေးကောင်ပွဲစနစ်များနှင့် စပ်လျဉ်း၍ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက် သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
ရေးမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုး၊ ဘွား(၁၂၈၀)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ ပေးအပ်
Nov 06,2021
မွန်ပြည်နယ်ရေးမြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုး၊ ဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ ပေးကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် ကြက်ခြေနီတပ်ဖွဲ့၏ အခြေခံရှေးဦးသူနာပြုစုနည်းနှင့် စံချိန်စံညွှန်းမီ ရှေးဦးသူနာပြုစုနည်း သင်တန်းဖွင့်လှစ်
Nov 06,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ ၂၀၂၁-ခုနှစ် တွင် ပြောင်းလဲသွားသော ရှေးဦးပြုစုခြင်းဘာသာရပ်အား တပ်ဖွဲ့ဝင်များ
ကျိုက်လတ်မြို့နယ် ရုံးဒေါင့်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ( ၃၅၈) ခုအား နေ့ချင်းပြီး ဆောင်ရွက်ပေး
Nov 06,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့် သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်မျိုးမျိုးကို ထုတ်ပေးနိုင်ရေးအတွက် ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ရုံးဒေါင့်ကျေးရွာအုပ်စု တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေပြည်တော် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Nov 06,2021
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အထိ (၅)နှစ်ဒေသန္တရ စီမံကိန်းမူဘောင်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်စဉ်ဒေသန္တရစီမံကိန်း ရေးဆွဲနိုင်ရေး အတွက် နေပြည်တော်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ(၂)နာရီတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ပြန်လည် ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံ
Nov 06,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊
ရှမ်းရိုးမ မွေးမြူရေးဇုန်(၂)မှ ကြက်ခြံများအားဇုန်(၁)သို့ ပြောင်းရွှေ့မွေးမြူနိုင်ရေး လုပ်ငန်း ကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ
Nov 06,2021
ရှမ်းရိုးမမွေးမြူရေးဇုန်(၂)မှ ကြက်ခြံများအား ဇုန်(၁)သို့ ပြောင်းရွှေ့မွေးမြူနိုင်ရေး လုပ်ငန်းကော်မတီ ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
သာကေတတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်
Nov 06,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်အတွင်း ဥပဒေနှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပြုလုပ်ခဲ့ပေးပြီးသော နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက သာကေတမြို့နယ်၊ ရှုခင်းသာရပ်ကွက်၊ ရှုခင်းသာအဆင့်မြင့် အိမ်ရာဝင်းအတွင်းရှိ နှစ်ကျိပ်ရှစ်ဆူ သာသနာ့ပါလဓမ္မဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။