ကျိုက်လတ် နိုဝင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့် သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်မျိုးမျိုးကို ထုတ်ပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ရုံးဒေါင့်ကျေးရွာအုပ်စု တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူး ဦးထွန်းဆွေနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ရုံးဒေါင့် ကျေးရွာရှိ ပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ပြုလုပ် ဆောင်ရွက်ပေးခဲ့ရာ ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကျား(၉)၊ မ(၆)ဦး ပေါင်း(၁၅)ဦး၊ ၁၈နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကျား(၃၇)ဦး၊ မ(၄၇) ဦး ပေါင်း(၈၄)ဦး၊ ၁၀နှစ်ပြည့်နှင့် ၁၈နှစ်ပြည့်လဲလှယ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကျား(၅၃)ဦး မ(၆၃)ဦး ပေါင်း(၁၁၆)ဦးနှင့် နိုင်ငံသားစိစစ် ရေးကတ်ပြား ပျောက်ဆုံး/ ပျက်စီးမိတ္တူ ထုတ်ပေးမှု ကျား(၇၃)မ(၇၀)ဦး ပေါင်း(၁၄၃)ဦး၊ စုစုပေါင်း ကျား(၁၇၂) ဦး၊ မ(၁၈၆)ဦး စုစုပေါင်း (၃၅၈) ဦးအား နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဌေးဌေးလှိုင်