သတင်းများ

မိုးကောင်းမြို့နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၏ စာပေယဉ်ကျေးမှုများ ဖော်ထုတ် ထိန်းသိမ်းနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းနှင့် ထောက်ပံ့ခြင်းများဆောင်ရွက်
Nov 06,2021
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်းရှိ တိုင်းရင်းသားစာပေ ယဉ်ကျေးမှုအဖွဲ့များ၏ လိုအပ်ချက်များနှင့် စာပေယဉ်ကျေးမှုများ ရှာဖွေဖော်ထုတ် ထိန်းသိမ်းနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်မှုများကို ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ယမန်နေ့ နံနက်ပိုင်းတွင် မိုးကောင်းမြို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဇေယျာသီရိမြို့နယ်တွင် ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲနှင့် ကျေးရွာကော်မတီ ရွေးချယ်ပွဲပြုလုပ်
Nov 06,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂ဝ၂၂ခု၊ (၆)လဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး (VDP)စီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်မည့် စီမံကိန်းမိတ် ဆက်ရှင်းလင်းပွဲနှင့် ကျေးရွာကော်မတီရွေးချယ်ပွဲကို နံနက်ပိုင်းတွင် ကျည်တောင် ကျေးရွာအုပ်စု သာယာဝှမ်းကျေးရွာနှင့် မွန်းလွဲပိုင်းတွင် မွန်းတည့်ခွင် (မြောက်)ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးတို့၌ ကျင်းပခဲ့ကြောင်း သိရသည်။
နောင်ခဲအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ အထက်တန်းအဆင့် တိုးမြှင့်ပေးနိုင်ရန် တွေ့ဆုံဆွေးနွေး
Nov 06,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် နီလင်းအောင်၊ ပြည်နယ်ဝန်များ၊ ပြည်နယ်ဥပဒေချုပ် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူတို့သည် နိုဝင်ဘာ(၄)ရက် မွန်းလွဲ(၁)နာရီခွဲက တောင်ကြီးမြို့နယ် နောင်ခဲကျေးရွာ နောင်ခဲဘုန်းတော်ကြီး ကျောင်းအား သွားရောက်ကာ သာသနာ့ ဓဇဓမ္မရိယ ဦးခေမာစာရအား ဝါလကင်းလွတ် သီတင်းကျွတ်အချိန် အခါသမယ သွားရောက် ကန်တော့ကြပြီး လှူဖွယ်ပစ္စည်းနှင့် နဝကမ အလှူငွေကျပ်(၅)သိန်းလှူဒါန်းခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဆောင်းပြောင်းတိုက်နယ် ပြည်သူ့ဆေးရုံသို့ SL Oxygen Concentrator (၃)လုံးလှူဒါန်း
Nov 06,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်း ကျေးရွာအုပ်စု၊ ဆောင်းပြောင်းတိုက်နယ် ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး၊ ကုသရေးတွင် အသုံးပြုနိုင်ရန် ကျန်းမာရေးသုံး အထောက်အကူပြု ပစ္စည်းများ ဖြစ်သည့် SL Oxygen Concentrator (၃)လုံးကို ယမန်နေ့နံနက်ပိုင်းတွင် သွားရောက် လှူဒါန်းသည်။
နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာ၌ အခြေပြု၍ ဘေးပတ်ဝန်းကျင်ကျေးရွာ အုပ်စုများရှိ တိုင်းရင်းသား ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးနိုင်ရေး အခမဲ့ကွင်းဆင်းဆောင်ရွက်ပေး
Nov 06,2021
နမ္မတူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ တိုင်းရင်းသား ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးနိုင်ရေး အခမဲ့ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မိုင်းရင်ကျေးရွာ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် ပေးခဲ့သည်။
မိုင်းပျဉ်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ (၂၇၀၀)ကျော် အေးချမ်းစွာ တက်ရောက် ပညာသင်ကြား လျက်ရှိ
Nov 06,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်နေသည့် ကာလအတွင်း ယာယီပိတ်ထားခဲ့ရာမှ ရောဂါကူးစက်မှုများ ကျဆင်းလာသည့်အတွက် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ မဆုံးရှုံးစေရေးအတွက် နိုဝင်ဘာ(၁)ရက်နေ့ မှစတင်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက် များနှင့်အညီ ပြန်လည်ဖွင့်လှစ်ခဲ့ရာ ယမန်နေ့တွင် ကျောင်းသား၊ ကျောင်းသူ(၂၇၆၅)ဦး စိတ်အေးချမ်းစွာ တက်ရောက် ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။
သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အီးအမ်ဘိုကာရှီ မြေဆွေးပြုလုပ်နည်း ကွင်းသရုပ်ပြပွဲ ပြုလုပ်
Nov 06,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ တောင်သူများ သဘာဝမြေဩဇာကို အကျိုးရှိရှိ အသုံးချတတ်စေရန် ရည်ရွယ်၍ စွန့်ပစ်လယ်ယာ ပစ္စည်းများ အသုံးပြုပြီး အီးအမ်ဘိုကာရှီ မြေဆွေးပြုလုပ်နည်း ကွင်းသရုပ်ပြပွဲ ကို ယမန်နေ့ နံနက် ၉နာရီက သီပေါမြို့နယ်၊ ဘော်ကြိုကျေးရွာရှိ တောင်သူဦးစိတ္တ၏ အစေ့ထုတ်ပြောင်း စိုက်ကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ် ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ပေါ်ရှိ ကိုဗစ်-၁၉ အတည်ပြုလူနာများ ပြုစုစောင့်‌ရှောက်ရေး စခန်းများသို့ ကိုဗစ်ကာကွယ်ရေး သုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ် လှူဒါန်း
Nov 06,2021
ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများကို အရပ်ဖက်အဖွဲ့အစည်းများ ဘာသာရေးအဖွဲ့အစည်းများဖြင့် ချိတ်ဆက် ပူးပေါင်းဆောင်ရွက် လျက်ရှိရာ နိုဝင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ပေါ်ရှိ ကတ်သလစ်အသင်းတော်ပိုင် ကိုဗစ်-၁၉ အတည်ပြု လူနာများ ပြုစုစောင့်ရှောက်ရေး စခန်းများသို့ သွားရောက်ပြီး ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။