သတင်းများ

ကိုးသိန်းအားစားကွင်း ဆောင်ရွက်နေမှုအခြေအနေများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ဖွင့်လှစ်ဆောင်ရွက်ထားရှိမှုများနှင့် ကန်သုံးဆင့်ကန်ပတ်လမ်း ဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေး
Nov 05,2021
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းတို့ လိုက်ပါလျက် ယမန်နေ့က ပုသိမ်မြို့၊ ကိုးသိန်းအားကစား ကွင်းသို့ ရောက်ရှိ၍ ကိုးသိန်းအားကစားကွင်း မီတာ (၄၀၀) ပြေးလမ်းကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ကိုးသိန်း အားကစားခန်းမ အကြီးစားပြင်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကြည်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေး ပြည့်မီရန်နှင့် အချိန်မီပြီးစီးစေရေး လမ်းညွှန်မှာကြားခဲ့သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပေါင်းလောင်းတိုက်နယ် ပြည်သူ့ဆေးရုံသို့ SL Oxygen Concentrator (၃) လုံးလှူဒါန်း
Nov 05,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့၊ ပေါင်းလောင်းတိုက်နယ် ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး၊ ကုသရေးတွင် အသုံးပြုနိုင်ရန် ကျန်းမာရေးသုံး အထောက်အကူပြု ပစ္စည်းများ ဖြစ်သည့် SL Oxygen Concentrator (၃)လုံးကို ယမန်နေ့ညနေပိုင်းတွင် သွားရောက် လှူဒါန်းသည်။
မန်တုံမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ပေး
Nov 05,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်လူဝင်မှု ကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန်တုံမြို့နယ်ဦးစီးဌာနမှ သွားလာရန်ခက်ခဲသော နန့်ဟိုင်း ကျေးရွာအုပ်စု၊ မိုင်းယုတ်ကျေးရွာအုပ်စုရှိ ပြည်သူများအား ယမန်နေ့က မြို့နယ်ရုံးသို့ဖိတ်ခေါ်၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦး ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို   ဆောင်ရွက်ပေးခဲ့ကြသည်။
ဟိုပန်၌ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac)  ဆက်လက်ထိုးနှံပေး
Nov 05,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို ယနေ့ နံနက် (၉) နာရီ အချိန်က စတင်၍  အခြေခံပညာ အထက် တန်းကျောင်း၊ ပန်ကောက်နှင့် ရွှေဝါကျေးရွာများရှိ အခြေခံပညာ အထက်တန်းကျောင်းခ (၂)ကျောင်း နှင့်  ကောင်းကော်ကျေးရွာရှိ   အခြေခံ ပညာအလယ်တန်းကျောင်းများရှိ စုရပ် (၄) နေရာတွင်  ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စက်ရုံ၊အလုပ်ရုံများသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေး
Nov 05,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ်မကျရောက်စေရန်နှင့် ကြိုတင်ကာကွယ်ရေးများ ပြုလုပ်နိုင်ရန်အတွက် ယမန်နေ့နံနက် ၉ နာရီ က မီးသတ်တပ်ဖွဲ့ဝင်များမှ ကျောက်ဖြူမြို့ရှိ စက်ရုံ၊အလုပ်ရုံများသို့ သွားရောက်ကာ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခဲ့သည်။
သီပေါမြို့နယ်တွင် မျိုးဆက်ပွား သားဆက်ခြား ကျန်းမာရေးအသိပညာပေးခြင်းနှင့် သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် စစ်ဆေးပေးခြင်းများ ပြုလုပ်ဆောင်ရွက်
Nov 05,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အခြေပြု Merie Stopes (သီပေါရုံး)မှ အမျိုးသမီးများ ကလေးမွေးပြီး စွန့်ပစ်ခြင်းများ မရှိစေရန်၊ မလိုလားအပ်သော ကိုယ်ဝန်မရရှိစေရန်၊ အမျိုးသမီးများကျန်းမာရေး အသိမြှင့်တင်နိုင်စေရန်နှင့် အောင်မြင် ပျော်ရွှင်သော မိသားစုဘဝများရရှိနိုင်စေရန်ရည်ရွယ်၍ မျိုးဆက်ပွား သားဆက်ခြား ကျန်းမာ ရေး အသိပညာပေး ခြင်းနှင့် သားအိမ်ခေါင်း ကင်ဆာအကြိုအဆင့် စစ်ဆေးပေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းက သီပေါမြို့နယ် နောင်ကတ်ကျေးရွာ ပညာအလင်း စာကြည့်တိုက်တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
တန့်ယန်းမြို့နယ်တွင် ပါးစပ်၊နှာခေါင်းစည်း Mask မတပ်ဆင်သူများအား မိုဘိုင်းစနစ်ဖြင့် ရှောင်တခင် စစ်ဆေးကြပ်မတ်ဆောင်ရွက်နေ
Nov 05,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ် နိုင်ရန်အတွက် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းကာ အရှိန်အဟုန်မြှင့်၍ အထူး ကြပ်မတ် ဆောင်ရွက်နေရာ မိုဘိုင်းစနစ်ဖြင့် ရှောင်တခင် စစ်ဆေး၍ အသိပညာပေးခြင်းကို အသွား အလာများသော လမ်းဆုံနေရာများဖြစ်သည့် ဗိုလ်ချုပ်လမ်းမကြီး၌ ယနေ့ နံနက်ပိုင်းက ဆောင်ရွက် ကြသည်။
တန့်ယန်းမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Nov 05,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းဆင့် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ''ကျန်းမာပျော်ရွှင်စွာ ပညာ သင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့'' ဆောင်ပုဒ်နှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီမှစတင်၍ ဆက်လက်ထိုးနှံပေးသည်။