သတင်းများ

မော်လမြိုင်ကျွန်း မြို့နယ်ကုတင် ၁၀၀ ဆေးရုံကြီးတွင် အသုံးပြုရန် 10 litre oxygen concentrator (၁၀) လုံးနှင့် dead body အိတ် အလုံး(၁၀၀)၊ အမှိုက်အိတ်အလုံး (၆၀၀) လှူဒါန်း
Aug 08,2021
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် ကုတင်(၁၀၀) ဆေးရုံကြီးရုံးခန်းမဆောင်တွင် ယနေ့နံနက် ၁၁ နာရီ အချိန်က ဆေးရုံကြီးတွင် အသုံးပြုရန်အတွက် 10 litre oxygen concentrator(၁၀)လုံးနှင့် dead body အိတ် အလုံး(၁၀၀)၊ အမှိုက်အိတ်အလုံး(၆၀၀)လှူဒါန်းပွဲကျင်း ပဆောင်ရွက်သည်။
စာရေးတံမဲ ဝါခေါင်ပွဲ
Aug 08,2021
ဝါခေါင်လသည် မြန်မာလတစ်ဆယ့်နှစ်လတွင် ပဉ္စမလဖြစ်သည်။ မိုးဥတုတွင်ပါဝင်သည်။ ဝါခေါင် လကို ရှေးအခါက နံကာလဟုလည်းခေါ်ကြသည်။ ပုဂံခေတ်ကျောက်စာများတွင် ဝါခေါင်ဟူ၍ လည်းကောင်း၊ နံကာလဟူ၍လည်းကောင်း အရေးအသားနှစ်မျိုးလုံးကိုတွေ့ရ၏။ နံကာလ အကြောင်းကို ဝေါဟာရလီနတ္တဒီပနီကျမ်း၌" ထိုနံကာလသဘောအဓိပ္ပါယ်ကိုကြံသော် အဘိဓာန် ကျမ်းတွင် သာဝဏော၊နံကာလ၊နိက္ခမနီယော၊နံကာလ ဟူ၍ ပရိယာယ် နှစ်ပုဒ်ပြသည်။ အဘိဓာန် ဋိကာတွင် အန္တောဝီထိတော ဗဟိနိက္ခမတိ သူရိယောဧတ္တာထိ နီက္ခမနီယော၊ အဓိကရဏေ အနီယော " ဟူ၍ဖွင့်ဆိုသည်။
ရွှေသောင်ယံမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ပထမအကြိမ် တတိယနေ့အဖြစ် အပြီးသတ် ဆက်လက်ထိုးနှံပေး
Aug 08,2021
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အ-ထ-က စာသင်ကျောင်း၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၉) နာရီက ပထမအကြိမ် တတိယနေ့အဖြစ် အပြီးသတ်ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေး၊စည်ပင်၊ ကြက်‌ခြေနီ၊ အရန်မီးသတ်နှင့် Volunteer များအား ဆန်နှင့် ကုလားပဲ ထောက်ပံ့
Aug 08,2021
ပဲခူးမြို့ အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်၊ ရန်ငြိမ်းအေးခန်းမတွင် ဩဂုတ် ၈ ရက်နံနက် ၉နာရီခွဲက အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်မှ COVID-19ကာလအတွင်း ပဲခူးမြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် Volunteer များအား ဆန်နှင့်ကုလားပဲထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။
ချောင်းသာမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း
Aug 08,2021
ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ယနေ့နံနက် ၈ နာရီ အချိန်မှစတင်၍ နေ့လယ် ၁၂ နာရီအထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ချောင်းသာမြို့ အမှတ်(၂)ရပ်ကွက်ရှိ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ နိုင်ငံဝန်ထမ်းများ၊ စားသောက်ဆိုင်များရှိ ဝန်ထမ်းများ၊ ရွှေသာယာ မြို့မစျေးရှိ စျေးသည်များနှင့် Hotel & Motel ၊ တည်းခိုခန်းများရှိ အလုပ်သမားများအား လူမျိုးဘာသာမရွေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဝေါမြို့နယ်တွင် Oxygen Concentrator အောင်ဆီဂျင်စက်၊ အောက်ဆီဂျင်အိုးများ၊ Flow Meter များလှူဒါန်းခြင်းနှင့် တိုက်နယ်ဆေးရုံများသို့ ပြန်လည် လွှဲပြောင်း ပေးအပ်ပွဲ ကျင်းပ
Aug 08,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြိုနယ်အတွင်း ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာများအား ကုသနိုင်ရန်အတွက် Oxygen Concentrator အောင်ဆီဂျင်စက်နှင့် အောက်ဆီဂျင်အိုးများ၊ Flow Meterများလှူဒါန်းခြင်းနှင့် တိုက်နယ်ဆေးရုံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက ဝေါမြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပသည်။
ကျောက်ဆည်မြို့နယ်တွင် သံဃာတော်များနှင့် လူမှုရေးအသင်းအဖွဲ့များအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Aug 08,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့စုကြီးရပ်ကွက် မြို့တော်ခန်းမတွင်သံဃာတော်များ၊ လူမှုရေးအသင်း အဖွဲ့များအား ယနေ့နံနက်၉နာရီက ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
မြိတ်မြို့တွင် အသက်(၆၅)နှစ်အထက်များနှင့် စက်ရုံ/အလုပ်ရုံဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Aug 08,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အသက်(၆၅)နှစ်အထက်များ နှင့် စက်ရုံ/အလုပ်ရုံ ဝန်ထမ်းများအား ယနေ့နံနက်ပိုင်း၌ ဆေးထိုးနေရာများဖြစ်သည့် ပုလဲရတနာခန်းမ၊ သားဖွားသင်တန်းကျောင်းနှင့် ခရိုင်အားကစားခန်းမတို့တွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။