သတင်းများ

မင်းလှမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန် ထုတ်လုပ်နည်း ပညာသင်တန်းဆင်းပွဲပြုလုပ်
Nov 06,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာနနှင့် မကွေးတိုင်းဒေသကြီး အသေးစား စက်မှုလုပ်ငန်း ဦးစီးဌာနတို့ ပူး‌ပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်း ထုတ်လုပ်နည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့၊ နေ့လယ် ၂ နာရီက မင်းလှမြို့နယ် ဥယျာဥ်ကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရ သည်။
ကူမဲမြို့အတွင်း၌ ဓာတ်အားလိုင်းပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်
Nov 06,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကူမဲမြို့အတွင်းရှိ ဒေသခံပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် မြို့အတွင်း လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးထားသော ဓါတ်အားလိုင်း တစ်လျှောက်တွင် ကူမဲမြို့လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးရုံးမှ တာဝန်ရှိသူများက ဓာတ်အားလိုင်းပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် သာမန်ငွေစာရင်းခေါင်းစဉ်မှ ဆောင်ရွက် ထားကြောင်း သိရသည်။
လောင်းလုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးခြင်းနှင့် နှာခေါင်း စည်း Mask အခမဲ့ ဖြန့်ဝေပေးခြင်း ပြုလုပ်
Nov 06,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကိုဗစ်- ၁၉ ကွင်း ဆက်များ ပြတ်တောက်စေရန်နှင့် အပြင်ထွက်တိုင်း နှာခေါင်းစည်း Mask များ တပ်ဆင်ကြရန်၊ ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့ ညနေ (၄) နာရီအချိန် က လောင်းလုံးမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့နှင့်လမ်းဆုံလမ်းခွ နှင့် စျေးဆိုင်များတွင် ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
အုတ်ဖိုမြို့နယ်တွင် လေဘေးသင့်ပြည်သူများအား ထောက်ပံငွေပေးအပ်
Nov 06,2021
ပဲခူးတိုင်ဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ နှောကုန်းကျေးရွာအုပ်စု၊ နှောကုန်းကျေးရွာတွင် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းပြီး၊ မန်းကျည်ပင် အမြစ်ပွ၍ နေအိမ်ပေါ်သို့ လဲပြိုမှုကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် ၁ လုံးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့မွန်းလွဲပိုင်းက ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် ဖီးကြမ်းငှက်ပျောစိုက်ပျိုးခြင်းအား တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ ်စိုက်ပျိုး
Nov 06,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ပုတီးကုန်းကျေးရွာတွင် ဖီးကြမ်းငှက်ပျော စိုက်ပျိုးခြင်းကို ယခင်က တစ်နိုင်တစ်ပိုင်သာ စိုက်ပျိုးကြသော်လည်း အမြတ်များများ ကျန်သည့်အတွက် စီးပွားဖြစ် စိုက်ပျိုးလာကြကြောင်း ဒေသခံငှက်ပျောစိုက် တောင်သူများထံမှ သိရသည်။
ဝါးခယ်မမြို့နယ်ရှိ ကျေးရွာများတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေး နိုင်ရေး ကွင်းဆင်းဆောင်ရွက်
Nov 06,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ယမန်​နေ့နံနက် ၈ နာရီက ပုလဲအောင်မြေရပ်ကွက်၊ နန့်အဲလောင်အုပ်စုနှင့် ရွှေကုန်းအုပ်စုရှိ ပြည်သူများအတွက် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးနိုင်ရေး ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် လူငယ်များ၏ အနာဂတ်ဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် Women Club နှင့် Youth Club များ ဖွဲ့စည်းဆောင်ရွက်
Nov 06,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ လူငယ်မောင်မယ် များ၏ အနာဂတ်ဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ တီထွင်ကြံဆမှုနှင့် လုပ်ငန်းစွမ်း ဆောင်ရည်များ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်ကျင်းပပြုလုပ်သည့် Women Club နှင့် Youth Club များ ဖွဲ့စည်း ဆောင်ရွက်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး Community Centre ခန်းမတွင် ကျင်းပသည်။