ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ပြန်လည် ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံ

ဆိပ်ကြီးခနောင်တို  နိုဝင်ဘာ 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့် စေတနာ့ ဝန်ထမ်းများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ မြို့နယ်နေ ပြည်သူများအနေဖြင့် ကိုဗစ်−၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက်ပြန်လည် ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံများ ကိုလည်း ဖော်ပြလိုက်ရပါတယ်။

ကျွန်တော့နာမည်က ဦးဝင်းလှိုင်ဖြစ်ပါတယ်။ ကျွန်တော်က ဆိပ်ကြီးခနောင်တိုမြို့ နယ်ရဲ့ မေတ္တာအလင်းရောင် ရှင်ရေးကူညီမှုပရ ဟိတအသင်း ဥက္ကဋ္ဌ တစ်ယောက်ဖြစ် ပါတယ်။ မြို့နယ်အတွင်း လိုအပ်တဲ့ အောက်ဆီဂျင်အိုးများကို အချိန်နှင့်တစ်ပြေး ညီရရှိရေး ကူညီဆောင်ရွက်ပေးခဲ့ရင်း ကိုဗစ်(Positive)ဖြစ်ပါတယ်။ ကိုဗစ်−၁၉ ရောဂါ ကုသရေးစင်တာမှာ ကျွန်တော်တို့ (၁၄) ရက် နေခဲ့ပါတယ်။ ကျွန်တော်တို့က တစ်ခြားဘာမှတော့မဖြစ်ခဲ့ပါဘူး။ နည်းနည်းပင်ပန်းပြီး တစ်ရက်၊ နှစ်ရက် လောက် ဖျားသလိုလိုဖြစ်တာနဲ့ မသင်္ကာလို့ စစ်ကြည့်ခဲ့တာ ကျန်တာတော ့ဘာမှမဖြစ်ပါဘူး။ (၁၄) ရက် Quarantine ဝင်ပြီး ပြန်လည်ကောင်းမွန်လာတဲ့အချိန်မှာ အစားကို အရင်ကထက် ပိုစားသောက်ခဲ့ပါတယ်။ အားရှိတဲ့ဟာမျိုးတွေကို စားခဲ့ပါတယ်။ အဓိကကျွန်တော်ပြောချင်တာကတော့ ဒီရောဂါဖြစ် လာပြီလို့ သံသယဝင်လာလျှင် မကြောက်ပါနဲ့ စိတ်ဓာတ်မကျပါနဲ့ အစားကိုစားချင်သည် ဖြစ်စေ မစားချင်သည် ဖြစ်စေဝင်အောင်စားပါ။ ဒါမှ ဒီရောဂါကို တိုက်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ စိတ်ဓာတ် ကျမယ် အစားအသောက်ကို ဝင်အောင်မစားဘူးဆိုလျှင် မိမိအတွက်အန္တရာယ် ရှိနိုင်ပါတယ်။ မြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးပေးနေတဲ့အတွက် သွားရောက် ထိုးနှံကြဖို့တိုက်တွန်းချင်ပါတယ်။ ကာကွယ်ဆေးထိုးထားမှ ဒီရောဂါ ကူးစက်ဖြစ်ပွားမှုဒဏ်ကို ခံနိုင်ရည်ရှိမှာဖြစ်ပြီး ပြည်သူများအားလုံး ကျန်းမာရေး ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အတိုင်း နေထိုင်သွားပါလို့ ပြောကြားချင်ပါတယ်။

ဝေယံ(IPRD)