ရေး နိုဝင်ဘာ ၆
မွန်ပြည်နယ်ရေးမြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုး၊ ဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ ပေးကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးမှုသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၏ တတိယအပတ်(ဇွန်၊ ဇူလိုင်၊ ဩဂုတ်) လများအတွက် ထောက်ပံ့ပေးမှုဖြစ်ပြီး ရပ်ကွက်/ကျေးရွာအုပ်စု(၄၄)ခုအတွင်းရှိ သက်ကြီး ဘိုး၊ဘွား (၁၂၈၀)ဦးအား တစ်ဦးလျှင် (၁)လ တစ်သောင်းကျပ်နှုန်းဖြင့် (၃)လစာ သုံးသောင်းကျပ် စုစုပေါင်း ငွေကျပ် ၃၈၄၀၀၀၀၀/-တိတိကို အဘိုးအဘွားများ၏ အိမ်အရောက် သွားရောက် ထောက်ပံ့ ပေးအပ်သည်။
ယခုအကြိမ် ထောက်ပံ့မှုသည် ၂၀၂၁ခုနှစ်အတွင်း တတိယအကြိမ်မြောက် ထောက်ပံ့ ပေးအပ်မှု ဖြစ်ကြောင်း သိရသည်။
ခင်သိမ့်သိမ့်ရည် (ပြန်/ဆက်)