သတင်းများ

သဲကုန်းမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ် စာစောင်နှင့် စာအုပ်ပြပွဲဆောင်ရွက်
Nov 26,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား အမျိုးသားရေးစိတ်ဓာတ် ရှင်သန်ထက်မြက်စေရေး၊ နေ့ထူးနေ့မြတ်အကြောင်း သိကောင်း စရာများ သိရှိလာစေရန်နှင့် အသိပညာဗဟုသုတများ ရရှိလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပညာရေးဌာနနှင့် ပူးပေါင်းပြီး (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့ နံနက် (၉) နာရီက အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ကျောက်ဖြူခရိုင် Community Centre ခန်းမ၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ(Talk Show) ပြုလုပ်
Nov 26,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေး ဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ(Talk Show) ကျင်းပပြုလုပ်သည်။
ပေါင်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Nov 26,2021
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ မြလေးချောင်ကျေးရွာအုပ်စု၊ ဘုန်းကြီးကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် တိုင်းရင်းသား/ ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးသန်းဝင်းဇော် ဦးဆောင်သော ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက် ပေးခဲ့သည်။
မြစ်သားမြို့နယ်တွင်  ဒုတိယအသုတ် ဒုတိယအကြိမ်  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး
Nov 26,2021
မန္တလေးတိုင်းဒေသကြီး၊မ ြစ်သားမြို့နယ်တွင် ဒုတိယအသုတ် ဒုတိယအကြိမ် အဖြစ်  အသက်  (၅၅) နှစ် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မြစ်သားမြို့နယ်အတွင်း  အတွင်းရှိ ကူမဲ၊ မိုင်းမော၊ ရေဝန်း၊ မင်းဝန်၊ ရွာခိုင်ကြီး၊ ဒါးရယ်ကောင်းကျေးရွာ ကျေးလက်ကျန်းမာရေး ဌာနခွဲ စုရပ်(၆) နေရာတို့နှင့် မြစ်သားမြို့လုပ်အားကြေးမုံခန်းမတို့တွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။  
စစ်ကိုင်းမြို့တွင် (၁၀၁)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ သိကောင်းစရာ Talk Show ကျင်းပ
Nov 26,2021
စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စစ်ကိုင်းမြို့၊ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသည့် (၁၀၁)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ သိကောင်းစရာ Talk Show အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက စစ်ကိုင်းခရိုင် လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Nov 26,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့ နံနက်(၉)နာရီက မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများဖြစ်သော ကားမှတ်တိုင်များ၊ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာများသို့ သွားရောက်၍ ၂၀၂၁ ခုနှစ် နိုဝင်ဘာ (၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး   ကျောင်းသား လူငယ်၊ လူရွယ်များအနေဖြင့် ဝံသာနုရက္ခိတ ရှင်သန်ခိုင်မာရေး၊ မျိုးရိုးဇာတိ မပျောက်ပျက်ရန် ထိန်းသိမ်းစောင့်ရှောက်ရေးတို့အတွက် အမျိုးသားရေး အားမာန်အပြည့်ဖြင့် စောင့်ရှောက် ကာကွယ်ကြရန်၊ အမျိုးသားရေးစိတ်ဓာတ် ရှင်သန်စေရန်၊ မျိုးချစ်စိတ်ဓာတ်ကို အရင်းခံသည့် ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ် ရှင်သန်ထက်မြက်စေရေး ရည်ရွယ်ချက်များဖြင့်  ပြည်သူများ လက်ဝယ်အရောက်  ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ်ထင်းရူးကျေးရွာအုပ်စု၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနေ့ချင်းပြီးကွင်းဆင်းဆောင်ရွက်
Nov 26,2021
နိုင်ငံသားတိုင်းအတွက်အလွန်အရေးပါပြီး မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ထင်းရူးကျေးရွာအုပ်စု၌ မြို့နယ်ဦးစီးအရာရှိ ဦးရဲလင်းအောင် ဦးဆောင်၍ ဝန်ထမ်းများက “’လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့’’ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေးကို ယမန်နေ့ နံနက် ၉ နာရီ မှ ညနေ ၄ နာရီထိ ထင်းရူးကျေးအုပ်စု၌ နေ့ချင်းပြီးကွင်းဆင်းဆောင်ရွက်ပေးသည်။