ရန်ကုန် နိုဝင်ဘာ ၆
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည်၊ ရွေးကောက်ပွဲတွင် ပြောင်းလဲလာသော ခေတ်အခြေအနေ အရ၊ သင့်လျော်သည့် ရွေးကောက်ပွဲစနစ်မျိုးကို ကျင့်သုံးဆောင်ရွက်နိုင်ရန် အတွက်၊ အချိုးကျ ကိုယ်စားပြုစနစ်(PR) အပါအဝင် ပြောင်းလဲကျင့်သုံးသင့်သည့် ရွေးကောင်ပွဲစနစ်များနှင့် စပ်လျဉ်း၍ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက် သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက အဖွင့်အမှာစကား ပြောကြားပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးက အချိုးကျ ကိုယ်စားပြုစနစ် (PR)အပါအဝင် ပြောင်းလဲ ကျင့်သုံးသင့်သည့် ရွေးကောက်ပွဲစနစ်များနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အချိုးကျကိုယ်စားပြုစနစ်(PR) အပါအဝင် ပြောင်းလဲကျင့်သုံးသင့်သည့် ရွေးကောက်ပွဲ စနစ်များနှင့် စပ်လျဉ်း၍ စာတမ်းများ ဖတ်ကြားတင်ပြကြရာ မြန်မာပြည်သူ့ ဒီမိုကရက်တစ်ပါတီမှ ဦးဌေးကျော်က လည်းကောင်း၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ ဒေါက်တာ မျိုးဆက်သွေးက လည်းကောင်း၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးမျိုးညွန့်က လည်းကောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဦးလှသိန်းက လည်းကောင်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းအိုက်ပေါင်းက လည်းကောင်း၊ အသီးသီးစာတမ်းများ ဖတ်ကြားတင်ပြ ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)