ကော့မှူးတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများ မိဘပြည်သူများအား အသိပညာပေးနှိုးဆော်
Nov 07,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ရပ်ကွက်များအတွင်းရှိ လူစည်ကားရာ နေရာများဖြစ်သည့် ဗိုလ်ချုပ်လမ်းမကြီးနှင့် ရပ်ကွက်များအတွင်းရှိ လမ်းဆုံလမ်းခွများတွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများအား မိဘပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ကြေညာပေးခြင်းကို ယနေ့ နံနက်က ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်း များအား Hand Spearဖြင့် လိုက်လံအသိပေး နှိုးဆော်ပေးနေကြောင်းသိရသည်။