ဆီဆိုင် နိုဝင်ဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ စည်ပင်သာယာ သားသတ်ရုံများ၊ ဈေးများနှင့် စားသုံးသူများသို့ ယနေ့ နံနက် ၈ နာရီခန့် က ကွင်းဆင်းမေးမြန်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်း မေးမြန်းဆောင်ရွက်ခြင်းကို မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယ ကြီးကြပ်ရေးမှူး ဦးအောင်နိုင်ဝင်းက သားသတ်ရုံမှဈေးသည်များနှင့် စားသုံးသူများထံသို့ တစ်လ လျှင် အသားရောင်းချနိုင်မှုနှင့် ဝယ်ယူစားသုံးနိုင်မှုတို့ကို ကွင်းဆင်းမေးမြန်း ဆောင်ရွက် ခဲ့သည်။ ဆီဆိုင်မြို့ စည်ပင်သာယာ သားသတ်ရုံများ၊ ဈေးများ၌ အသားရောင်းချမှုနှုန်းထားမှာ အမဲသား တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ဝက်သားတစ်ပိဿာလျှင် ကျပ်(၉၀၀၀)၊ ကြက်သား တစ်ပိဿာ လျှင် ကျပ်(၈၀၀၀)နှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)