သတင်းများ

မြိတ်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ကျေးရွာအရောက် ကွင်းဆင်းပြုလုပ်ပေးလျက်ရှိ
Nov 07,2021
နိုင်ငံသားတစ်ဦးချင်းစီ၏ နိုင်ငံသားအခွင့်အရေးများ ရရှိစေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ကျေးရွာအရောက် ကွင်းဆင်းပြုလုပ်ပေးလျက်ရှိရာ ယနေ့တွင် မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာနှင့် ပပြင်ကျေးရွာရှိ ပြည်သူများအား ကျေးရွာအရောက် လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ် မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများမှ ကွင်းဆင်းပြုလုပ်ပေးလျက်ရှိသည်။  
ကျောက်တံခါးမြို့နယ်၌ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ စတင်ထိုးနှံပေး
Nov 07,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံ ရသေးသည့် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ အခြေခံပညာအထက်တန်း (ကျောက်တံခါး) ကျောင်းတွင် စတင်ထိုးနှံပေးလျက် ရှိသည်။
မိုင်းပျဉ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Nov 07,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ရန်ကျန်ရှိသည့် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို ယမန်နေ့ နေ့လယ် ၁၁ နာရီမှ စတင်၍ တာကော်ကျေးရွာအုပ်စု၊ အခြေခံပညာအလယ်တန်းကျောင်း(၇)မိုင်ခန်းမတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု စံပြကျေးရွာစု ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်
Nov 07,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ ကင်ပွန်းချောင်း ကျေးရွာအား မိမိရပ်ရွာတွင် သဘာ၀ပတ်၀န်းကျင် ကာကွယ်ထိန်းသိမ်းရေးနှင့် အစိမ်းရောင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဖော်ဆောင်ရာတွင် စွမ်းစွမ်းတမံ ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကို ဧရာ၀တီ တိုင်းဒေသကြီးရုံး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတွင် ယမန်နေ့က ကျင်းပခဲ့သည်။
ဂွမြို့နယ်၊ တိုင်ကျိုးကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Nov 07,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊​​ ဂွမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ယမန်နေ့ နံနက် ၉ နာရီမှ ညနေ(၁၈:၄၅) နာရီအထိ တိုင်ကျိုးကျေးရွာ သာသနာ့မာန်အောင် ဘုန်းတော်ကြီးကျောင်းတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုကိုးကျွန်းမြို့နယ်၌ ကုန်ပစ္စည်းမှ တင်ဆောင်ရေယာဉ် ရောက်ရှိ/ထွက်ခွာ
Nov 07,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်သို့ နိုဝင်ဘာလ ၄ ရက် နေ့ နံနက် ၇နာရီအချိန်တွင် တပ်မတော်ရေမှ ၁၆၁၂ ရေယာဉ်ကုန်တန်ချိန် (၁၈၀)တန် တင်ဆောင်ကာ ရန်ကုန်မှထွက်ခွာလာရာ ကိုကိုးကျွန်းဆိပ်ကမ်းသို့နိုဝင်ဘာလ  ၅ ရက်နေ့ မွန်းလွဲ ၂နာရီအချိန်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။
မေတ္တာမြို့၊ ဟိန္ဒားကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများရရှိရေး ကွင်းဆင်းဆောင်ရွက်
Nov 07,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၌ ထားဝယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း များကို နိုဝင်ဘာလ(၆)ရက်မွန်းလွဲ (၁)နာရီအချိန်က စတင်၍ဟိန္ဒားကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ကွင်း ဆင်း၍ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ပခုက္ကူမြို့နယ်၌ (၃၃)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အာရုဏ်ဆွမ်းကပ်လှူဒါန်း
Nov 07,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် (၃၃)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အာရုဏ်ဆွမ်းကပ် လှူပွဲအခမ်းအနားကို ယနေ့နံနက် ၆ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြဧရာ ၁ ခန်းမ၌ ကျင်းပသည်။