သတင်းများ

နမ္မတူမြို့နယ်၌ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) မတပ်ဆင်ထားသည့် ပြည်သူများအား ကိုဗစ်ပိုး ရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်
Nov 07,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကွင်းဆက်ပြတ်တောက်ပြီး အမြန်ဆုံး ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ရောဂါကူးစက်ခံရမှု လျော့ကျစေရေးရည်ရွယ်၍ မြို့နယ်အတွင်း လှုပ်ရှား သွားလာလျက်ရှိသည့် ပါးစပ်နှင့် နှာခေါင်းစည်း (Masks) မတပ်ဆင်ထားသော ပြည်သူများအား  ကိုဗစ်ပိုး ရှိ/မရှိ RDT Test Kit ဖြင့် ရှောင်တခင် စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ (၄)နာရီ အချိန်က နမ္မတူမြို့နယ်၊ နမ္မတူရပ်ကွက် မြို့နယ်တရားရုံးအနီးရှိ လမ်းဆုံ၌  ဆောင်ရွက်ခဲ့သည်။
ဒေးဒရဲမြို့နယ် ကျုံဒူးဒါးမလိမ်းကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Nov 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေး ကတ်ပြားများကို ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဒေးဒရဲမြို့နယ် ကျုံဒူးဒါးမလိမ်းကျေးရွာ အုပ်စုတွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားဖူးလာရောက်သူများ လက်အလှပန်း ချီဆွဲမှုများပြားလာ
Nov 07,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှဘုရားဖူးလာရောက်သူများ ဘုရား၊စေတီ၊ သာသနိက အဆောက်အဦး ပတ်ဝန်းကျင်တွင်ဖွင့်လှစ်ထားသည့် လက်အလှပန်းချီဆိုင်များတွင် လက်အလှပန်းချီဆွဲမှု များပြားလာခြင်းကြောင့် မိသားစုဝင်ငွေအထိုက်အလျောက်ဝင်ငွေ ရှိလာကြောင်း ရွှေစည်းခုံ ဘုရားတွင် လက်အလှပန်းချီဆွဲနေသည့် ဒေါ်ခိုင်ဇာထွန်းထံကသိ ရသည်။
နာဂဒေသ၊ လဟယ်မြို့၌ အသက်(၁၂)နှစ်မှ (၁၈)နှစ်အထက်ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ်(ပထမအသုတ်)ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ
Nov 07,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ အခြေခံပညာ အထက်တန်းကျောင်း၌  ယမန်နေ့ နံနက် (၉) နာရီအချိန်က  အသက် (၁၂) နှစ်မှ (၁၈) နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ‌ပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် ပြင်းထန်ဒဏ်ရာ ရှေးဦးပြုစုခြင်း (ဆင့်ပွား) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ
Nov 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကြက်ခြေနီကြီးကြပ်မှု ကော်မတီ၏ လမ်းညွှန်မှုဖြင့် ဒေးဒရဲမြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များအား ပြင်းထန်ဒဏ်ရာ ရှေးဦးပြုစုခြင်း ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို လမ်းမတော်လမ်းရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ကျန်းမာရေးဌာန စီမံချက်ရုံးတွင် ယမန်နေ့ နံနက်၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
နာဂဒေသ၊ လေရှီးမြို့၌  စတုတ္ထအသုတ်(ဒုတိယအကြိမ်) ကိုဗစ်ကာကွယ်ဆေး ပြန်လည်ထိုးနှံ
Nov 07,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်၊ အရှေ့ဘက်ခြမ်း၊ အုပ်စု (၃) အုပ်စုတွင် စတုတ္ထအသုတ် (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို နိုဝင်ဘာလ (၃) ရက်နေ့မှ (၅) ရက်နေ့အထိ  မြို့နယ်သာသနာရေးမှူး ဦးကျော်ကျော်ဟန် ဦးဆောင်၍ ကျန်းမာရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီး ကလပ်အသင်းပေါင်းစုံ ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်
Nov 07,2021
မကွေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီမှ ကြီးမှူးကျင်းပသည့် ကလပ် အသင်းပေါင်းစုံ ဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ခရိုင်အားကာစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပ ပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ ဗိုလ်လုပွဲ ပွဲစဉ်အား ကြည့်ရှုအားပေးကာ ကလပ်အသင်းပေါင်းစုံ ဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသော ကလပ်အသင်းအား ဆုကလပ်နှင့် ငွေသားဆု ချီးမြှင့်ပေးအပ်ခဲ့သည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
Nov 07,2021
ပြည်ထဲရေး၀န်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၃)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို     ရှမ်းပြည်နယ်(တောင်ပိုင်း)၊   ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။