လေးမျက်နှာ နိုဝင်ဘာ ၇
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတစ်ဝန်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား အခွင့်အရေးများ မဆုံးရှုံးစေရန် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ၊ အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာ မြို့နယ် အိုင်သပြုကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ကွင်းဆင်း ဆောင်ရွက်ပေး ခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လေးမျက်နှာမြို့နယ် ဦးစီးမှူး ဦးကျော်မင်းဦး၏ ကြီးကြပ်မှုဖြင့် ဒုလဝကမှူး ဒေါ်ဇင်ဖြူဝင်း၊ လက်ထောက်လဝကမှူး ဒေါ်ဖြိုးအိဖြူတို့မှ အိုင်သပြု ကျေးရွာအုပ်စုအတွင်းရှိ အသက်(၁၀)နှစ်မှ(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားအရည်အချင်း ပြည့်မီသူ များအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ ကတ်အသစ်များ လဲလှယ်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေ စာရင်းသွင်းပေးခြင်း၊ အိမ်ထောင်စု စာရင်းမရှိသော မိသားစုများအား အိမ်ထောင်စုစာရင်း ပြုလုပ်ပေးခြင်းများ ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်း ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်ကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)